Wednesday, June 30, 2010

Why The best comp plan in the business?

ဘာကြောင့် Agel ရဲ့ ဆုကြေးပေး စနစ်က MLM စီးပွါးရေး လုပ်ငန်းများထဲမှာ အကောင်းဆုံးသော ဆုကြေးပေးစနစ် ဖြစ်နေရတာလဲ ?


Agel သည် ကမ္ဘာအ၀ှမ်း အောင်မြင်လာရခြင်း၏ အဓိက အချက်တချက်မှာ Agel ၏ compensation plan ဟုခေါ်သော အကောင်းဆုံးသော ဆုကြေးပေးစနစ်ကြောင့်ဖြစ်ပါတယ်။

Compensation plan တွင်ပါဝင်သော အချက်တချက်ချင်းစီသည် Agel Business ကို အဓိက မောင်းနှင်ပေးနေသော လုပ်ဆောင်မှုများဟု Agel ၏ တည်ထောင်သူများ နားလည်လက်ခံထားကြပါတယ်။

" တခါတရံတွင် မိမိတွေးထင်ထားသည်နှင့် လက်တွေ့ပြုလုပ်ရသည်တို့ များစွာ ကွာဟသွားတတ်တယ်" ဟု Jensen (CEO, Founder) ကပြောပါတယ်။

" ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ စီးပွါးရေးကို ပါဝင်လုပ်ကိုင်သူတွေကို ခံစားခွင့်တွေပေးတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ရဲ့ စီးပွါးဖက်တွေနဲ့ ကွဲကွာသွားစေပြီးတော့ အောင်မြင်မှုဆီကို ဖေါက်ထွက်မသွားနိုင်ပါဘူး" လို့ Jenson က တခြား ကြော်ကြားတဲ့ ဆုကြေးပေးစနစ်တွေ နဲ့ ထောက်ပြပြောဆိုသွားပါတယ်။

သူက အဲ့လိုနည်းလမ်းမျိုးကို မလိုချင်ပဲ လူတွေကို မိမိရဲ့အဖွဲ့တွေ စီးပွါးဖက်တွေကို အောင်မြင်အောင် ကူညီပေးရင်းနဲ့ ဆုကြေးခံစားခွင့်တွေ ပေးသွားမယ့် Company တခုကိုတည်ထောင်ချင်ခဲ့ပါတယ်။

Agel ကိုတည်ထောင်သူများ ဟာ အခြားသော ဆုကြေးပေး စနစ်များစွာကို လေ့လာပြီးနောက်

စနစ်တခုခြင်းစီမှ အကောင်းဆုံးတွေကို ပူးပေါင်းပြီး စီးပွါးရေးလုပ်ကိုင်သူများအတွက် အကျိုးမရှိသော မြှုပ်ကွက် များမပါဝင်သော ဆုကြေးပေးစနစ်တခုကို ဖေါ်ထုတ်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတခုကတော့ "Leveraged Matching Bonus" (LMB) လို့ခေါ်တဲ့ ဆုကြေးပေးစနစ်ပဲဖြစ်ပါတယ်။

"ဒီ LMB လို့ခေါ်တဲ့ ဆုကြေးပေးစနစ်က ကျွန်တော်တို့Agel ရဲ့ ဆုကြေးပေးစနစ်ရဲ့ အဓိကကျသော အုတ်မြစ်ပဲဖြစ်ပါတယ်" လို့ Agel ကို ပူးတွဲ တည်ထောင်ခဲ့သူ Craig Bradley ကပြောကြားပါတယ်။

"ဒီဆုကြေးပေး စနစ်က Agel ကို ဖြန့်ချိရောင်းချသူတွေဟာ သတ်မှတ်ရာထူးတခုကို ရောက်ရှိတဲ့အခါ မိမိတိုက်ရိုက်ဖိတ်ခေါ်ထားသူ ရရှိသော commission ရဲ့ ၅၀%နဲ့ညီမျှတဲ့ ပမာဏကို ဆုကြေးအဖြစ်ခံစား ရရှိမှာဖြစ်ပါတယ်။

ဒီဆုကြေးပေးစနစ်ဟာ မိမိဖိတ်ခေါ်လို့ Agel Business ကို ၀င်ရောက်လာသူရဲ့ Member ၀င်ရောက်လာတဲ့ level နဲ့မသက်ဆိုင်သလိုဘယ်တော့မှလဲ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။"

Agel ကို ဖြန့်ချိရောင်းချသူတွေဟာ မိမိကတိုက်ရိုက်ဖိတ်ခေါ်လို့ Agel Business ကို ၀င်ရောက်လုပ်ကိုင်သူ ရရှိသော Commission မှ အချိုးကျပမာဏ ညီမျှသော ၀င်ငွေ(၁၀% မှ ၅၀%) ကို ရရှိမှာဖြစ်သလို မိမိဖိတ်ခေါ်ထားသူမှ ထပ်မံဖိတ်ခေါ်ထားတဲ့သူ များရဲ့ ရရှိသော Commission မှ အချိုးကျပမာဏ ညီမျှသော ၀င်ငွေ (၇%) ကိုလည်း မိမိရဲ့ အောက်ဖက်မှ အဖွဲ့ဝင် အဆင့် (၇) ဆင့် အထိ ကို ခံစားရရှိမှာဖြစ်ပါတယ်။ Agel Business ဟာဆိုရင် လူတွေကို အောင်မြင်မှု ရှိရန် ကူညီပေးပါတယ်။ အခြားသော ဆုကြေးရရှိတဲ့ အချက်တွေကတော့ စီးပွါးရေးလုပ်ကိုင်ရန် အဖွဲ့ဝင်ဖိတ်ခေါ်ခြင်းဖြင့် လည်းကောင်း၊ ထုတ်ကုန်များကို ရောင်းချခြင်း၊ သုံးစွဲခြင်းဖြင့်လည်းကောင်း မိမိရဲ့ ရာထူး တိုးတက်လာမှုအပေါ်မှာလည်းကောင်း စတဲ့ အချက်များဖြင့်လည်း ဆုကြေးခံစားခွင့်တွေရှိပါတယ်။


Reference; the Network Marketing Business Journal Volume #25 and Issue #6

To read scans of the article, please visit http://www.agel.com/newsroom/?p=850


No comments: