Wednesday, June 30, 2010

Why The best comp plan in the business?

ဘာကြောင့် Agel ရဲ့ ဆုကြေးပေး စနစ်က MLM စီးပွါးရေး လုပ်ငန်းများထဲမှာ အကောင်းဆုံးသော ဆုကြေးပေးစနစ် ဖြစ်နေရတာလဲ ?


Agel သည် ကမ္ဘာအ၀ှမ်း အောင်မြင်လာရခြင်း၏ အဓိက အချက်တချက်မှာ Agel ၏ compensation plan ဟုခေါ်သော အကောင်းဆုံးသော ဆုကြေးပေးစနစ်ကြောင့်ဖြစ်ပါတယ်။

Compensation plan တွင်ပါဝင်သော အချက်တချက်ချင်းစီသည် Agel Business ကို အဓိက မောင်းနှင်ပေးနေသော လုပ်ဆောင်မှုများဟု Agel ၏ တည်ထောင်သူများ နားလည်လက်ခံထားကြပါတယ်။

" တခါတရံတွင် မိမိတွေးထင်ထားသည်နှင့် လက်တွေ့ပြုလုပ်ရသည်တို့ များစွာ ကွာဟသွားတတ်တယ်" ဟု Jensen (CEO, Founder) ကပြောပါတယ်။

" ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ စီးပွါးရေးကို ပါဝင်လုပ်ကိုင်သူတွေကို ခံစားခွင့်တွေပေးတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ရဲ့ စီးပွါးဖက်တွေနဲ့ ကွဲကွာသွားစေပြီးတော့ အောင်မြင်မှုဆီကို ဖေါက်ထွက်မသွားနိုင်ပါဘူး" လို့ Jenson က တခြား ကြော်ကြားတဲ့ ဆုကြေးပေးစနစ်တွေ နဲ့ ထောက်ပြပြောဆိုသွားပါတယ်။

သူက အဲ့လိုနည်းလမ်းမျိုးကို မလိုချင်ပဲ လူတွေကို မိမိရဲ့အဖွဲ့တွေ စီးပွါးဖက်တွေကို အောင်မြင်အောင် ကူညီပေးရင်းနဲ့ ဆုကြေးခံစားခွင့်တွေ ပေးသွားမယ့် Company တခုကိုတည်ထောင်ချင်ခဲ့ပါတယ်။

Agel ကိုတည်ထောင်သူများ ဟာ အခြားသော ဆုကြေးပေး စနစ်များစွာကို လေ့လာပြီးနောက်

စနစ်တခုခြင်းစီမှ အကောင်းဆုံးတွေကို ပူးပေါင်းပြီး စီးပွါးရေးလုပ်ကိုင်သူများအတွက် အကျိုးမရှိသော မြှုပ်ကွက် များမပါဝင်သော ဆုကြေးပေးစနစ်တခုကို ဖေါ်ထုတ်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတခုကတော့ "Leveraged Matching Bonus" (LMB) လို့ခေါ်တဲ့ ဆုကြေးပေးစနစ်ပဲဖြစ်ပါတယ်။

"ဒီ LMB လို့ခေါ်တဲ့ ဆုကြေးပေးစနစ်က ကျွန်တော်တို့Agel ရဲ့ ဆုကြေးပေးစနစ်ရဲ့ အဓိကကျသော အုတ်မြစ်ပဲဖြစ်ပါတယ်" လို့ Agel ကို ပူးတွဲ တည်ထောင်ခဲ့သူ Craig Bradley ကပြောကြားပါတယ်။

"ဒီဆုကြေးပေး စနစ်က Agel ကို ဖြန့်ချိရောင်းချသူတွေဟာ သတ်မှတ်ရာထူးတခုကို ရောက်ရှိတဲ့အခါ မိမိတိုက်ရိုက်ဖိတ်ခေါ်ထားသူ ရရှိသော commission ရဲ့ ၅၀%နဲ့ညီမျှတဲ့ ပမာဏကို ဆုကြေးအဖြစ်ခံစား ရရှိမှာဖြစ်ပါတယ်။

ဒီဆုကြေးပေးစနစ်ဟာ မိမိဖိတ်ခေါ်လို့ Agel Business ကို ၀င်ရောက်လာသူရဲ့ Member ၀င်ရောက်လာတဲ့ level နဲ့မသက်ဆိုင်သလိုဘယ်တော့မှလဲ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။"

Agel ကို ဖြန့်ချိရောင်းချသူတွေဟာ မိမိကတိုက်ရိုက်ဖိတ်ခေါ်လို့ Agel Business ကို ၀င်ရောက်လုပ်ကိုင်သူ ရရှိသော Commission မှ အချိုးကျပမာဏ ညီမျှသော ၀င်ငွေ(၁၀% မှ ၅၀%) ကို ရရှိမှာဖြစ်သလို မိမိဖိတ်ခေါ်ထားသူမှ ထပ်မံဖိတ်ခေါ်ထားတဲ့သူ များရဲ့ ရရှိသော Commission မှ အချိုးကျပမာဏ ညီမျှသော ၀င်ငွေ (၇%) ကိုလည်း မိမိရဲ့ အောက်ဖက်မှ အဖွဲ့ဝင် အဆင့် (၇) ဆင့် အထိ ကို ခံစားရရှိမှာဖြစ်ပါတယ်။ Agel Business ဟာဆိုရင် လူတွေကို အောင်မြင်မှု ရှိရန် ကူညီပေးပါတယ်။ အခြားသော ဆုကြေးရရှိတဲ့ အချက်တွေကတော့ စီးပွါးရေးလုပ်ကိုင်ရန် အဖွဲ့ဝင်ဖိတ်ခေါ်ခြင်းဖြင့် လည်းကောင်း၊ ထုတ်ကုန်များကို ရောင်းချခြင်း၊ သုံးစွဲခြင်းဖြင့်လည်းကောင်း မိမိရဲ့ ရာထူး တိုးတက်လာမှုအပေါ်မှာလည်းကောင်း စတဲ့ အချက်များဖြင့်လည်း ဆုကြေးခံစားခွင့်တွေရှိပါတယ်။


Reference; the Network Marketing Business Journal Volume #25 and Issue #6

To read scans of the article, please visit http://www.agel.com/newsroom/?p=850


How to Buy Agel Products from Online ? (for Non Member)

Agel ထုတ်ကုန်များကို Online က ဘယ်လိုဝယ်မလဲ?

ကျွန်တော်တိုရဲ့ Agel ထုတ်ကုန်များကို ကမ္ဘာပေါ်က Agel ရုံးခန်းရှိတဲ့နိုင်ငံတိုင်းမှာ Online ကဆင့် အချိန်မရွေး ၀ယ်ယူလို့ရနိုင်ပါတယ်။ စင်ကာပူ၊ မလေးရှားမှာတော့ Health Products နှစ်ဗူးနဲ့ အထက်ဝယ်ယူမယ်ဆိုရင် ပို့ခ ထပ်မံပေးစရာမလိုပါဘူး။ တခြားနိုင်ငံတွေမှာတော့ သူ့နိုင်ငံအလိုက် ပို့ခ နဲ့ Tex ထပ်မံပေးရမှာဖြစ်ပါတယ်။

Step 1

ပထမဦးဆုံး ကျွန်တော်တို့ရဲ့ official website ဖြစ်တဲ့ www.agel.com ကို ၀င်ရမှာဖြစ်ပါတယ်။ ၀င်လိုက်ပြီဆိုတာနဲ့..

ညဘက်အပေါ်ထောင့်မှာ Member login ဆိုတာလေးကိုတွေ့ရပါမယ်။ အဲ့ဒါလေးကို ကလစ်လုပ်လိုက်ပါ။


Step 2

ကလစ်လိုက်လိုက်တာနဲ့ နောက် Tap တခုပွင့်သွားပြီး sign in လုပ်တဲ့ဟာလေးပေါ်လာပါလိမ့်မယ်။

အဲ့ဒီမှာ အခုက Products ကိုပဲ ၀ယ်မှာဖြစ်တဲ့အတွက်...Purchase Products Here ဆိုတာကိုရွေးပါ့မယ်။

Step 3

Purchase Products Here ကိုရွေးပြီးသွားရင် မိမိကို မိတ်ဆက်ပေးသူရဲ့ ID (Sponsor ID) ကိုဖြည့်ပေးရပါမယ်။ မိမိကို မိတ်ဆက်ပေးသူက သူရဲ့ ID ကိုပေးပါလိမ့်မယ်။ ဒီနေရာမှာ ID ကိုမှန်ကန်စွာဖြည့်ဖို့အရေးကြီးပါတယ်။ ID မှန်ကန်စွာ ဖြည့်လိုက်တယ်ဆိုရင် မိမိကို Agel နဲ့ မိတ်ဆက်ပေးသူရဲ့ နာမည်က ပေါ်လာမှာဖြစ်ပါတယ်။ ID နဲ့ မိမိကို မိတ်ဆက်ပေးသူ Sponsor ရဲ့ နာမည်လဲမှန်မမှန်သေချာစစ်ဆေးပါ။ ပြီးရင် next ကိုကလစ်ပါ။


Step 4

ပြီးရင် အဆင့် (၄) ကတော့ မိမိ ဘယ်နိုင်ငံကမှာမလဲဆိုတဲ့ နိုင်ငံကိုရွေးပေးရပါမယ်။ ပြီးရင် next ကိုကလစ်ပါ။


Step 5

အဆင့် (၅) ကတော့ မိမိမှာလိုသော ပစ္စည်းကို ရွေးပေးရမှာဖြစ်ပါတယ်။ မှာယူလိုသောထုတ်ကုန်ရဲ့ အောက်မှာရှိတဲ့ လေးထောင့်ကွက်ထဲမှာ မိမိမှာယူလိုသော အရေအတွက်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် next ကိုကလစ်ပါ။

Step 6

ပြီးရင်တော့ မိမိရဲ့ Date တချို့ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ နာမည်၊ ပစ္စည်းပို့ပေးရမယ့် လိပ်စာ အစရှိသဖြင့်.. ဒီအဆင့်မှာ တခါထဲ နောက် ထပ်ပစ္စည်းမှာယူရင် လွယ်ကူအောင်လို့ မိမိအတွက် အကောင့်တခုပါ create လုပ်ပေးတာဖြစ်တဲ့အတွက် နာမည် တို့ Password တို့ကို သေချာ မှန်ကန်အောင်ဖြည့်ပြီး မှတ်ထားစေလိုပါတယ်။ ဒါမှ နောက်တကြိမ်ပစ္စည်းထပ်မှာရင် ခုလိုအဆင့်တွေ အများကြီး လုပ်ဖို့မလိုတော့ပဲ လွယ်လွယ်ကူကူမှာယူနိုင်မှာဖြစ်ပါတယ်။ အားလုံးဖြည့်ပြီးပြီဆိုရင် next ကို ကလစ်ပါ။

Step 7

ဒီအဆင့်မှာတော့ မိမိမှာယူတဲ့ ပစ္စည်း၊ ကျသင့်ငွေ၊ မိမိလိပ်စာ တို့ပါဝင်တဲ့ Retail Order ထွက်လာမှာဖြစ်ပါတယ်။

ပြီးရင် next ကိုကလစ်ပါ။


Step 8

ပြီးရင် ဘာနဲ့ ၀ယ်မှာလဲဆိုတာကိုရွေးပေးရပါမယ်။ Online ကနေ ၀ယ်တာပဲဖြစ်တဲ့အတွက် credit card ကိုရွေးပါမယ်။

ပြီးရင် next ပါ။

Step 9

မိမိက ဘယ်ကနေ၀ယ်နေတာလဲဆိုတာ နိုင်ငံထပ်ရွေးပေးရပါ့မယ်။ ကိုယ်လက်ရှိရောက်နေတဲ့နိုင်ငံဖြစ်ပါတယ်။

Step 10

ပြီးရင်တော့ Credit card နဲ့ဆိုင်တဲ့ Information တွေဖြည့်ပေးရပါမယ်။

ပြီးရင် Submit ကိုကလစ်လိုက်ပါ။ သင့်ဆီကို email တစောင်ဝင်လာပါမယ်။ order လက်ခံရရှိကြောင်းနဲ့ Invoice ပါ။

ဒါဆိုရင်တော့ Agel Products တွေကို Online ကနေ အချိန်မရွေး Agel ရုံးခန်းရှိရာ နိုင်ငံတိုင်းမှာ ၀ယ်ယူလို့ရပြီဖြစ်ပါတယ်။

ဒါကတော့ စင်ကာပူ၊ မလေးရှား နဲ့ ထိုင်း Company Address လေးများပါ..
Singapore
Agel Enterprises Pte Ltd
175 A, Bencoolen Street
#05-01/02, Burlington Square,
Singapore 189650
Ph +65 62380368

Malaysia
AGEL.. Wellness Sonata SDN BHD
G-12/M16, Wisma UOA 2, Jalan Pinang,
Kuala Lumpur, 50450
Ph+ 603 217 12435


Thailand
Agel Enterprises (Thailand) Ltd.
54 Union Mall Building, FI. F-5, Unit 5Q-05
Ladprao Soi 1, Ladprao Rd.,
Chomphol, Chatuchak,
Bangkok 10900
Thailand
Tel: +66 2 930 9009







How to Join and How to Start Agel Business

Member အဖြစ် ၀င်ရောက်ခြင်း နှင့် Agel Business ကိုစတင်ခြင်း

Member အဖြစ် ၀င်ရောက်ခြင်းကို Online ကနေ ပြုလုပ်နိုင်သလို၊ Member Application form ကို ကိုယ်တိုင်ဖြည့်စွက် ပြီး မိမိကို ဖိတ်ခေါ်သူ(Sponser) ကိုပေးခြင်းအားဖြင့်လဲ ၀င်ရောက်နိုင် ပါတယ်။ ပြီးရင်တော့ User ID တစ်ခုနဲ့ password တခုရရှိမှာဖြစ်ပြီးတော့ member အဖြစ်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။
Member အဖြစ် ၀င်ရောက်ရာမှာ package ၂ခုရှိပါတယ်..
1) Personal Pack Member နဲ့
2) Executive Pack Member ဖြစ်ပါတယ်။

Personal Pack Member အဖြစ် ၀င်ရောက်မယ်ဆိုရင် Agel Health care Products များထဲမှာ မိမိနှစ်သက်ရာ ဆေးဗူး (၄)ဗူးကို ၀ယ်ယူပေးရမှာဖြစ်ပါတယ်။ Executive Pack Member အဖြစ် ၀င်ရောက်မယ်ဆိုရင်တော့ Agel Health care Products များထဲမှ (၁၆) ဗူး သို့မဟုတ် Agel Health care Products (၁၂)ဗူးနဲ့ Agel Ageless Skincare Products one set ကို ၀ယ်ယူနိုင်ပါတယ်။

Personal Pack member အဖြစ်ဝင်ရောက်ခြင်းအတွက် မိမိမှာယူသော ထုတ်ကုန်အပေါ် မူတည်ပြီး USD 260 ခန့်ကျသင့်မှာ ဖြစ်ပါတယ်။
Executive Pack member အဖြစ်ဝင်ရောက်ခြင်းအတွက် မိမိမှာယူသော ထုတ်ကုန်အပေါ် မူတည်ပြီး USD 1070 ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Member Fees အနေနဲ့ သတ်မှတ်ထားတာက USD 35 ဖြစ်ပေမယ့် ခုချိန်မှာတော့ အထက်ပါအတိုင်း ထုတ်ကုန်ကို ၀ယ်ယူလိုက်ရုံနဲ့ member အဖြစ်ရောက်ရှိမှာဖြစ်ပြီး Member Fees ပေးစရာမလိုပါဘူး။

Member အဖြစ် sign up လဲလုပ်ပြီးပြီ၊ မိမိရဲ့ ပထမဆုံး အော်ဒါလဲ မှာပြီးပြီဆိုရင်တော့ A gel Business ကို စတင်လုပ်ကိုင်နိုင်ပြီဖြစ်ပါတယ်။ ဒီနေရမှာ မိမိဝင်ရောက်တဲ့ Package ပေါ်မူတည်ပြီး ၀င်ငွေရလမ်း ကွာခြား မှုလေးရှိပါတယ်။
Agel Business ကိုလုပ်ကိုင်တဲ့အခါမှာ ၀င်ငွေရနိုင်သော သတ်မှတ် နည်းလမ်း (၉) ခုရှိပါတယ်။ အဲ့ဒီနည်းလမ်း (၉)ခု ထဲကမှ Executive Pack Member သည် (၉)ခု စလုံးခံစားခွင့်ရှိပြီး Personal pack Member ကတော့ နံပါတ် (၃) နှင့် (၄) ခံစားခွင့်မရှိပဲ ကျန် နည်းလမ်း (၇) ခုမှာ ကတော့ တူညီစွာ ခံစား နိုင်မှာဖြစ်ပါတယ်။

ဒီဝင်ငွေရလမ်း (၉) ခုကို A Revolutionary Compensation Plan လို့ခေါ်ပါတယ်။
9 Ways to get paid ၀င်ငွေရလမ်း ၉ ခု

1. Retails Sales - 20% recommended margin.
လက်လီ ပြန်လည်ရောင်းချခြင်းမှ ၂၀% အမြတ်
Products များကို Company တွင် Member အဖြစ်ဝင်ရောက်ကာ တိုက်ရိုက်ဝယ်ယူပြီး လက်လီပြန်ရောင်းခြင်းအားဖြင့် လက်ငင်း အမြတ် ၂၀%ထိခံစားခွင့်ရှိသည်။


2. Fast Start Commission - US$35 or US$200.
Member အဖြစ်ဖိတ်ခေါ်ခြင်းမှ ရသော ကော်မရှင် US$35 or US$200

မိမိမှတိုက်ရိုက်ဖိတ်ခေါ်ခြင်းကြောင့် ၀င်ရောက် လာသောMember ၏ Member ၀င်ရောက်သော Package ပေါ်မူတည်ပြီးရသော တကြိမ်ခံစားခွင့်
ရှိသော Bonus ဖြစ်သည်။
မိမိဖိတ်ခေါ်သူသည် Personal Package ဖြင့် Member ၀င်ရောက်ပါက US$35 ကိုBonus အဖြစ်ခံစားခွင့်ရှိသည်။
မိမိဖိတ်ခေါ်သူသည် Executive Package ဖြင့် Member ၀င်ရောက်ပါက US$200 ကိုBonus အဖြစ်ခံစားခွင့်ရှိသည်။

3. Executive Bonus - 3% of global sales volume (1,000 CV of Growth in lesser leg 1 share)
Executive Package အဖွဲ့ဝင်များသာခံစားခွင့်ရှိသည့် 3% of Global Sale မှပေးသော Bonus

လစဉ် Global Sale Volume မှ ၃% ကို စုပြီး Left နှင့် Right Team ၂ခု အနက် နည်းသော Team ဘက်မှ စုစုပေါင်း CV တိုးတက်လာမှု အပေါ် 1000CV တိုးတက်လာတိုင်း 1 share ဟု သတ်မှတ်ပြီး ပေးသည်။ Executive Bonus ကို နည်းသော Team ဘက်မှ စုစုပေါင်း CV 40000 အထိသာ ခံစားခွင့်ရှိသည်။
(*Executive Pack Member Only)





4. Executive Rank Advancement Pool
Executive Pack Member များ မိမိရာထူးပေါ်မူတည်ပြီး ရရှိသော ခံစားခွင့်
Each month 1.5% of the global company CV is contributed among Team Members who qualify:
1% Global Company CV
Supervisor = 2 shares
Manager = 3 shares
Senior Manager = 4 shares
0.5% Global Company CV
Director = 1 share
Regional Director = 2 share
Executive Pack Member များသည် လစဉ် Global Company CV မှ 1.5% ကို အထက်ပါဇယား အတိုင်း မိမိရရှိလာသော ရာထူးအလိုက် ခံစားခွင့်ရှိသည်။
(*Executive Pack Member Only)

5. Luxury Car Bonus
Member တစ်ဦးသည် Senior Director position သို့ စတင်ရောက်ရှိသည့်လမှ စပြီး Car Bonus ကို ခံစားခွင့်ရှိသည်။ လစဉ် US$ 500 မှ US$3,000 အထိကို မိမိ ရာထူးအလိုက်ရရှိခံစားရမည်ဖြစ်သည်။

6. Expense Allowance
Member တစ်ဦးသည် Senior Director position သို့ စတင်ရောက်ရှိသည့်လမှ စပြီး Expense Allowance ကို ခံစားခွင့်ရှိသည်။ လစဉ် US$ 500 မှ US$3,000 အထိကို မိမိ ရာထူးအလိုက်ရရှိခံစားရမည်ဖြစ်သည်။

7. Travel Fund
Qualify as Senior Directors and above to attend the Leadership Convention in an exotic location. All expenses paid for.
Senior Director နှင့် အထက် ရာထူး သို့ ရောက်ရှိလာသော Member များသည် Company မှ ကမ္ဘာအနှံ နှစ်စဉ်ကျင်းပသော အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ခရီးစရိတ်ခံစားခွင့် ဖြစ်သည်။ ခရီးအတွက် ကုန်ကျစရိတ်အားလုံးကို မိမိနှင့် မိမိ၏ ဧည့်သည်တစ်ဦးအတွက် ကျခံပေးသည်။

8. Team Volume Commission 10%
မိမိအောက် Down Line မှ Member များဧ။် CV မှ ရသော 10% Commission ခံစားခွင့်












10% of the lesser leg volume paid on infinity levels. Up to US$ 75,000 per month (3 Income centers)
လကုန်ရက်တွင် မိမိအောက် Down line မှ Left နှင့် Right Team ၂ခု CV ၏ Balance သို့မဟုတ် နည်းသော Team ဧ။် စုစုပေါင်း CV၏ 10% ကိုcommission အဖြစ် ခံစားခွင့်ရှိသည်။
*Personal Pack Member များအတွက် 10% Commission ခံစားခွင့်ကို အများဆုံး US$25,000 ထိခံစားခွင့်ရှိသည်။
*Executive Pack Member များအတွက် 10% Commission ခံစားခွင့်ကို အများဆုံး US$75,000 ထိခံစားခွင့်ရှိသည်။

9. Leveraged Matching Bonus
မိမိPosition အလိုက် Down line member များရရှိသော Commission မှ အချိုးကျပမာဏ ညီမျှသောရာခိုင်နှုန်းအလိုက်ရရှိသော Bonus ခံစားခွင့်














Up to 50% on your first generation and 7% down to the 6th generations in your enroller tree.
မိမိအောက် first generation member (မိမိတိုက်ရိုက်ဖိတ်ခေါ်ထားသော Member) များ၏၀င်ငွေရရှိမှုပေါ်မူတည်၍ မိမိရာထူးအလိုက် 10% မှ 50% ထိခံစားခွင့်ရှိသည်။
မိမိအောက် 2nd generation member မှ 7th Generation အထိ Member (မိမိတိုက်ရိုက်ဖိတ်ခေါ်ထားခြင်းမဟုတ်သော Member) များ၏၀င်ငွေရရှိမှုပေါ်မူတည်၍ 7% ခံစားခွင့်ရှိသည်။


မှတ်ချက်။ ။(၁) CV ဆိုသည်မှာ Commission Volume ဖြစ်သည်။ Member ဖိတ်ခေါ်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ ၀ယ်ယူခြင်း၊ ရောင်းချခြင်းတို့အတွက် သတ်မှတ်ထားသော အမှတ် (ရမှတ် သို့မဟုတ် ပွိုင့်) ဖြစ်သည်။

(၂) အထက်ပါ နည်းလမ်းများထဲမှာ နံပါတ်စဉ် (၁)၊ (၂)၊ (၈) နှင့် (၉) တို့သည် Member အဖြစ် ၀င်ရောက်ပြီးပြီးချင်း Agel Business ကိုစတင်လုပ်ကိုင်သည်နှင့် မိမိရာထူးနှင့် မဆိုင်ပဲ ၀င်ငွေ ချက်ချင်းရနိုင်သော နည်းလမ်းများဖြစ်သည်။

Monday, June 28, 2010

MLM (Network Marketing), Agel Enterprises and Our Products


MLM (Network Marketing), Agel Enterprises and Our Products
မင်္ဂလာပါ.
ကျွန်တော် အခုလုပ်နေတဲ့ Company အကြောင်းလေးနဲ့ Company က ထုတ်ကုန်အကြောင်းလေးများကို မိတ်ဆက်ရင်း စီးပွါးရေးလဲ စိတ်ဝင်စားမယ့် သူများကို ဖိတ်ခေါ်ချင်ပါတယ်......
ကျွန်တော်တို့ Company က MLM (Multi Level Marketing) စနစ်နဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ချိရောင်းချနေပါတယ်။ MLM ဆိုတာနဲ့ အလိမ်အညာတွေလား ဆိုပြီး ကြောက်ကြတဲ့သူက ခပ်များများရယ်.ပါ။.ိပ်တော့ စိတ်မ၀င်စားကြဘူးပေါ့။ ဒါပေမယ့် တကယ်တော့ MLM ဆိုတာ အလွန်ကောင်းတဲ့ စီးပွါးရေး နည်းပညာတခုပါပဲ။ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားပြီး
လုပ်နိုင်မယ်ဆိုရင် အမြန်ဆုံး နဲ့ အလွယ်ဆုံး သူဌေးဖြစ်နိုင်တဲ့ နည်းလမ်းပေါ့။

ကမ္ဘာကျော် စီးပွါးရေး ပညာရှင်ကြီးတယောက်က ပြောဖူးတယ်.. အရင်ကဆိုရင် မီလျံနာသူဌေးကြီး တယောက် ဖြစ်ဖို့ နှစ်တွေ ဆယ်ချီပြီး ကြိုးစားတည်ဆောက်ခဲ့ကြရတယ်.. ခုတော့ လွယ်ကူလာလိုက်တာ နှစ်အနည်းငယ် တချို့များ လအနည်းငယ်အတွင်း မှာကို မီလျံနာသူဌေးကြီးတွေဖြစ်ကုန်ကြတယ်တဲ့.... ဒါဘာလို့လဲ.. စီးပွါးရေးနည်းပညာတွေတိုးတက်လာလို့ပေါ့။

Business ကို ဘယ်လိုလုပ်ရတယ်ဆိုတာလေး မပြောခင် ကိုယ်က အရင်ဆုံး Company အကြောင်းလေးနဲ့ ကိုယ်တို့ Company ကထုတ်တဲ့ Products တွေအကြောင်းကို နဲနဲလေး အတိုချုပ်ပြောပြချင်တယ်။
  • အမေရိကန်နိုင်ငံ Utah မြို့တွင် ၂၀၀၅ ခုနှစ် တွင် စတင်တည်ထောင်ကာ suspension gel technology ဖြင့် ထုတ်လုပ်သော ပစ္စည်းများကို ပထမဦးဆုံးသော စတင်ရောင်းချခဲ့သည်။

  • နိုင်ငံပေါင်း (၁၀)နိုင်ငံတွင် စတင်ဖြန့်ချိရောင်းချခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း (၅၅) နိုင်ငံကျော်တွင် ရုံးခွဲ့များဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

  • ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်တွင်း စတင်ရောင်းချသော ပထမဆုံးလ၏ ရောင်းအားမှာ network marketing (or MLM) ဖြင့် ကုန်ပစ္စည်းရောင်းချသော company များတွင် အများဆုံးရောင်းရသော company အဖြစ်မှတ်တမ်းဝင်သွားသည်။

  • တကမ္ဘာလုံး အင်တာနက်ရှိသည့်နေရာတွင် စီးပွါးရေး ပြုလုပ်နိုင်အောင် အွန်လိုင်းစနစ်ကို အပြည့်အ၀ အသုံးပြုထားသည့် စီးပွါးရေးဖြစ်သည်။


အာရှမှာဆိုရင် ထိုင်းနိုင်ငံကို အရင်ဦးဆုံး စတင်ရောက်ရှိပါတယ်။ ထိုင်းနိုင်ငံကမှ တဆင့် မလေးရှား၊ နောက် ဗီယက်နမ် မလေးရှားကတဆင့် စင်ကာပူနဲ့ အင်ဒိုနီးရှား.. စသည်ဖြင့် အဆင့်ဆင့် ပြန်နှံရောက်ရှိသွားလိုက် တာ.. ခုဆိုရင် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံတခုပဲ Company ကတိုက်ရိုက် ရုံးခွဲ့ဖွင့်လှစ်ဖို့ ကျန်နေ ပါတော့တယ်။ ဒါတောင်မှ မနှစ်က အောက်တိုဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံကို အလည်ရောက်ရင်း ကိုယ်တို့ Company ကို စိတ်ဝင်စားပြီး Member ၀င်လိုက်တဲ့ သူတစ်ဦးရဲ့ ဖိတ်ခေါ်မှုကြောင့် ကုန်ပစ္စည်း မိတ်ဆက်ပွဲ လေး Park Royal Hotel မှာ လုပ်ဖြစ်ခဲ့ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလဲ တချို့ သိနေကြပြီဖြစ်ပါတယ်.. ထိုင်းနိုင်ငံကနေတဆင့် ၀င်ရောက်လာတာပေါ့။
(
ရန်ကုန်မှာလဲ တချို့သူများ ဒီ Agel စီးပွါးရေးကို လုပ်ကိုင်နေကြပြီဖြစ်ပါတယ် )

ဟုတ်ပြီ.. ကိုယ်ခု Company ကထုတ်လုပ်တဲ့ Products တွေအကြောင်းကိုနဲနဲလေးပြောပြမယ်...ကိုယ်တို့ ထုတ်ကုန်တွေသည် အသစ်ဖြစ်နေတယ်။.. ဒါမျိုး ဆင်တူပစ္စည်း လုံးဝမရှိဘူး။ ဒီCompany မှာပဲရှိတယ် ဆိုတော့ ပစ္စည်းတူ. အမျိုးအစားတူတွေနဲ့ ယှဉ်ပြိုင်နေစရာမလိုဘူး သူများနဲ့ ပြိုင်ပြီး ၀င်တိုးစရာမလိုဘူးပေါ့

ခု အရင်ဆုံး Agel Products တွေကို ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Suspension Gel Technology ဆိုတာကိုရှင်းပြပါ့မယ်။ ဘယ်လိုမျိုးလဲဆိုတော့ သူက ကိုယ်တို့ ခေါင်းလိမ်းတဲ့ Water Gel လိုမျိုး. ခပ်ပျစ်ပျစ် အရည်ပုံစံလေးပါ။
အရင်က ဆိုရင် ဆေးတွေဟာ ဆေးလုံးဆေးပြားတွေ အမှုန့်တွေ၊ နောက်ပြီးတော့ အရည်တွေ စတဲ့ ပုံစံတွေပဲရှိပါတယ်။ အဲ့ဒီ ဆေးတွေဆိုရင် သောက်ဖို့ဆိုရင် ဆေးလုံးတွေဆေးပြားတွေ ဆိုရင်ရေလိုမယ်။ နောက်အ၀င်ဆိုးမယ်ဟုတ်တယ်မလား. လူတိုင်းကိုနား လည်တာပဲ ဆေးဆိုတာနဲ့ ပဲ ခါးတယ်ဆိုတာ ဟုတ်တယ်မလား။ ကလေးတွေ၊ အသက်အရွယ်ကြီးသူတွေမှာ ဒီလိုဆေးလုံးတွေကို မျိုချရတာလဲ ခက်ခဲပါတယ်။ ပြီးတော့ အမှုန့်တွေ ဆိုရင် ရေနဲ့ ဖျော်ရတာတွေ ဘာတွေရှိမယ်။ ဆေးပုလင်း အရည်တွေဆိုရင်လဲ တချို့ဟာတွေ ဆိုရင် ရေခဲသေတ္တာထဲ ထည့်မှ ရတာတို့ ဘာတို့တွေ ရှိမယ် ဟုတ်တယ်နော်။ ပြီးတော့ ဆေးဆို တာသောက်လိုက်ရင် သူက အစာမျိုပြွန်က တဆင့် ၀င်သွားပြီး အူတွေ ထဲကနေ အူနံရံတွေက နေ ဆေးကို စုပ်ယူရတာဖြစ်ပါတယ်။ ..အဲ့လိုစုပ်ယူပြီးမှ သွေးလှည့်ပတ်မှု အဖွဲ့ အစည်းကတဆင့် သက်ဆိုင်ရာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေဆီကိုပို့တာပါ။ ဆိုတော့ အဲ့လို အရင်ကဆေးတွေမှာ သောက်ဖို့ အတွက် ခုဏကလိုမျိုး လိုအပ်ချက်တွေ ရှိနေတဲ့ အပြင် သောက်လိုက်ပြီ ဆိုရင် လဲ လူ့ရဲ့ အူနံရံကနေ ၃၀% ကနေ ၅၀ % ထိပဲ စုပ်ယူနိုင်တယ်။ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေဆို ရင် စုပ်ယူနိုင်မှုအားက ပိုနဲသေးတယ်။ ဆိုတော့ ကျန်တဲ့ ဆေးရဲ့ ၅၀% တွေက ဆီးနဲ့ အတူ ပြန်စွန့်ထုတ်လိုက်ကြတယ်။
ကိုယ်တို့ Company က ထုတ်တဲ့ Suspension Gel Technology နဲ့ ထုတ်တဲ့ Products တွေကကျတော့ Gel အထုတ်လေးတွေ..တခါသောက်လေးတွေ ဆိုတော့အလွယ်တကူသယ်ယူသွားလို့ရ တယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူး. ခုဏကပြောတဲ့ သောက်ဖို့ အတွက် ရေလိုတာတွေ တို့ ရေခဲ သေတ္တာထဲမှာ ထားရမှာ တို့ မရှိဘူး။ သောက်ချင်တဲ့ အချိန်မှာ အထုတ်ကလေးကို အလွယ်တကူ ဖေါက်သောက်လိုက်ရုံပဲ။ ပြီးတော့ ဆေးကို အူနံရံတွေကနေ စုပ်ယူနိုင်မှုအားက ၉၀% ကနေ ၁၀၀%ရှိတယ်။ ဒါကို ကျွမ်းကျင်တဲ့ ဆေးဝါးပညာရှင်တွေက စစ်ဆေးပြီး ခိုင်လုံတဲ့ အထောက်အထားတွေရှိတယ်။ အူနံရံကနေ အများဆုံး စုပ်ယူနိုင်ပြီးတော့ ၁၀ မိနစ်ကနေ ၁၅ မိနစ် အတွင်းမှာ သွေးလှည့်ပါတ်မှုစနစ်ထဲကို ချက်ချင်းပို့ဆောင်ပေး တယ်။ ဆိုတော့ ဆေးရဲ့ အကျိုးအာနိသင်ကို ပြည့်ပြည့် ၀၀နဲ့ အမြန်ဆုံး ရနိုင်ပါတယ်။ ဒါက Company က ထုတ်ထားတဲ့ Products ကို ဘယ်လိုနည်းပညာနဲ့ထုတ်ထားတယ်။ လူတွေအတွက် ဘယ်လို ထိထိရောက် ရောက်နဲ့ အကျိုးရှိတယ်ဆိုတာရှင်းပြတာဖြစ်ပါတယ်။

ကိုယ်တို့ Company မှ ထုတ်တဲ့ Products တွေကို အဓိက အားဖြင့် category ၂ခုခွဲထားပါတယ်။ Health Care Products နဲ့ Skin Care Products ဆိုပြီးဖြစ်ပါတယ်။
အဲ့ဒီထဲကမှ Health Care Products ကို Group ၃ခုနဲ့ Skin Care Products က Group တခုထပ်ပြီး ခွဲထားပါတယ်။ Agel Core, Agel Active, နဲ့Agel Thrive တို့က Health Care Products တွေဖြစ်ပြီး Skin Care Products Group ကိုတော့ Agel Body လို့ခေါ်ပါတယ်။
Agel Core ဆိုတဲ့ Group ထဲမှာပါတဲ့ Products တွေကတော့..
  • EXO

  • UMI

  • MIN တို့ဖြစ်တယ်။

Agel Active Group မှာ ဘာတွေ ပါသလဲဆိုရင်တော့
  • FIT (SLIM for Thailand)နဲ့

  • OHM ပါပြီးတော့

Agel Thrive Group မှာတော့
  • GRN

  • FLX နဲ့

  • HRT အဲ့ဒါတွေ ပါတယ်။








နောက် Group တခုဖြစ်တဲ့ Agel Body ဆိုတာကတော့ Skin Care Product ပဲ။ အဲ့ဒီမှာတော့ ထုတ်ကုန်ပစ္စည်း () မျိုးပါဝင်ပါတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတော့

  • GLO

  • Gentle Daily Cleansing Gel

  • Revitalizing Gel Scrub

  • Refreshing Anti-oxidant Misting Gel

  • Age Defying Eye Gel

  • Intensive Anti-aging Gel Serum

  • Daily Moisturizing Gel နဲ့

  • Nourishing Night Gel တွေပါပဲ။



ဒီအကြောင်းအရာ လေးတွေက အရှေ့ Blog လေးတွေမှာပြောပြီးသားဖြစ်ပေမယ့် ပြန်ပြောပြလိုက်ပါတယ်။

ဟုတ်ပြီ။ ခု ကိုယ်က ဘာလို့ Agel ကိုရွေးချယ်ခဲ့တာလဲ..ဘာလို့ ဒီ Agel Business ကိုလုပ်တာလဲ.. နောက်ပြီးတော့ ဘာလို့ Agel က ခုကမ္ဘာမှာ အောင်မြင်လာသော Company ဖြစ်လာရသလဲ....

Why Agel?
  • ခိုင်မာသည့် ဘဏ္ဍာရေးနောက်ခံ အဖွဲ့အစည်းရှိခြင်း

  • Suspension Gel Technology ကိုအသုံးပြုကာ ပထမဦးဆုံးသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခဲ့ခြင်း

  • ထုတ်ကုန်ပစ္စည်းအသစ်ဖြစ်ခြင်း

  • မြင်သာရှင်းလင်းသော commission ပေးသည့် စနစ်ရှိခြင်း

  • ပူးပေါင်းလုပ်ကိုင်ရန် အချိန်ကောင်းဖြစ်ခြင်း

  • အတွေ့အကြုံရင့်ကျက်ပြည့်ဝသည့် အုပ်ချုပ်မှုအဖွဲ့နှင့် ခေါင်းဆောင်ကောင်းများရှိခြင်း

ဒီအချက်တွေကြောင့်ပဲ ကိုယ်က ဒီ Agel ကိုရွေးပြီး လုပ်ကိုင်ရသလို့ ဒီအချက်တွေကပဲ Agel ကခုချိန်မှာ အောင်မြင်လာတာဖြစ်ပါတယ်။

မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတို့လဲ ဒီလိုအရမ်းကောင်းတဲ့ အခွင့်အရေးတခုကို လက်တွေ့ လေ့လာ လုပ်ကိုင်ပြီး မီလျံနာကြီးတွေဖြစ်နိုင်အောင် ထပ်မံဖိတ်ခေါ်လိုက်ပါတယ်....
အားလုံးပဲ ကံကောင်းနိုင်ကြပါစေ...............