Showing posts with label Home. Show all posts
Showing posts with label Home. Show all posts

Tuesday, July 6, 2010

Company Over View

Company အကြောင်းလေးကို မိတ်ဆက်ပေးပါချင်ပါတယ်။ Company နာမည်က Agel Enterprises လို့ခေါ်ပါတယ်။ Company က အမေရိကန် နိုင်ငံ Utah မြို့မှာ တည်ရှိပါတယ်။၂၀၀၅ ခုနှစ်မှာ Mr. Glen Jensen ဆိုတဲ့သူက စတင်တည်ထောင်ခဲ့ပါ တယ်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလကနေစပြီးတော့ နောက်ဆုံးပေါ်နည်းပညာ ဖြစ်တဲ့ Revoluntionary Suspension Gel Technology နဲ့ ထုတ်လုပ်ထားသော Products တွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ခုဆိုရင်Agel Enterprises ဟာ နိုင်ငံပေါင်း ၆၀ နီးပါး မှာ ရုံးခွဲတွေ ဖွင့် လှစ်ထားပြီးတော့ Health Care Products တွေနဲ့ Skin Care products တွေကို ထုတ်လုပ်ရောင်းချနေပါတယ်.. ပထမဆုံး စတင်ပြီး products တွေ ထုတ်လုပ်ရောင်းချတဲ့ ပထမဆုံးလမှာတင် ဘယ်လောက်ရောင်းရလဲဆိုရင် US$ 5 million ကျော် ရောင်းရပြီးတော့ ကမ္ဘာမှတ်တမ်း ၀င်သွားတယ်။ အိမ်နီးချင်း အာရှနိုင်ငံတွေဖြစ်တဲ့.. မလေးရှား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေမှာ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး အခြေချခဲ့တာ ခုဆိုရင် အရမ်းကိုအောင်မြင်နေပြီပါတယ်။ စတင် တည်ထောင်တဲ့ အမေရိကန်နိုင်ငံမှာ ထက်ကို အရှေ့တောင်အာရှ နိုင်ငံတွေ စုစုပေါင်းရဲ့ ရောင်းအားက သာလွန်သွားခဲ့ပါပြီ။ ဒါဟာ ဘာလို့ပါလဲ။ အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ.. ကျွန်တော်တို့ company ရဲ့ အောင်မြင်မှုဟာဆိုရင် ပြောမပြတတ်အောင်ပါဘဲ။ ဟုတ်ပြီ.. ဘာကြောင့် ဒီ company ဒီလောက်အောင်မြင်လာရတာလဲ။ ဘာလို့လဲဆိုတော့ company က ထုတ်လုပ်တဲ့ product တွေဟာ သူနဲ့ တူတဲ့ ဟာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ Company ကထုတ်လုပ်သော Products တွေကို သဘာဝသစ်သီးများ အပင်များကို အသုံးပြုပြီး နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Revoluntionary Suspension Gel Technology နဲ့ ထုတ်လုပ်ထားပြီးတော့ ဘေးထွက်ဆိုးကျိုးမရှိ. လူတိုင်းလွယ်ကူစွာ ၀ယ်ယူသောက်သုံးနိုင်တာ ကြောင့်ဖြစ်တယ်။ ပြီးတော့ Fully online & E-commerce operations ကိုအသုံးပြုထားသော MLM စနစ်တဲ့ ဖြန့်ချိတာဖြစ်လို့ ကျန်းမာရေးအတွက် ၀ယ်ယူသောက်သုံးလိုသူတွေသာမက မိမိကိုယ်ပိုင် စီးပွါးရေး အနေနဲ့ လုပ်ကိုင်လိုသူတွေဟာ ကမ္ဘာပေါ်က မည်သည့်နေရာဒေသမှာ ရှိနေပါစေ online သုံးလို့ရတယ်ဆိုတာနဲ့ ဒီစီးပွါးရေးလုပ်ငန်းကို ပါဝင်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Agel Company ဒီလို စတင်တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာ world wide အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်လာရခြင်းဟာ
၁) ထုတ်လုပ်သော Products များ ကောင်းမွန်ခြင်း၊
၂) Fully online & E-commerce operations ကိုအသုံးပြုထားသော Network Marketing (MLM) စနစ်ဖြင့်ဖြန့်ချိခြင်း၊
၎) ထူးခြားပြည့်စုံသော ဆုကြေးပေးစနစ်ရှိခြင်း၊
၃) ခိုင်မာသော ဘဏ္ဍာရေး နောက်ခံအဖွဲ့အစည်းရှိခြင်း၊
၎) Experienced Management Support Team ရှိခြင်း နှင့်
၅) International Field Leadership ရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ဒါတွေကတော့ Agel Company ရဲ့ အကြောင်းလေးတွေပါ။

Make a Decision Today

ဒီနေ့ပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။

You can put your life and career into an upward trajectory by making the decision, today, that you are going to become one of the best time managers in your field. And in this session, you will learn how to do it.
သင့်ဘ၀နဲ့ အလုပ်အကိုင်ကို မြင့်မားတဲ့နေရာရောက်ဖို့ ဒီနေ့ပဲ ဆုံးဖြတ်ချက်ချရပါတော့မယ်.... ဒါဟာ သင့်ရဲ့ အသိုင်းအ၀ိုင်းမှာ အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်သူတစ်ဦး ဖြစ်လာပါစေမယ်.... ဒီကဏ္ဍမှာ တော့ သင်ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ယူနိုင်မှာဖြစ်ပါတယ်....

Benjamin Franklin once wrote, "Dost thou love life? Then do not squander time, for that's the stuff life is made of."
Benjamin Franklin ကရေးခဲ့ဖူးတယ်... ``သင့်ဘ၀ကိုချစ်လား.. ချစ်တယ်ဆိုရင် ဘ၀ကိုတည်ဆောက်ထားတဲ့ အချိန်တွေကို အကျိုးမဲ့ မဖြုန်းတီးမိပါစေနဲ့`` ...တဲ့

Exploit Your Most Precious Recourse
သင့်ရဲ့ တန်ဖိုးအရှိဆုံးသော အရင်းအမြစ်ကို အသုံးချပါ...

Time is your most precious resource. It is all you really have. It is your life. As long as you have lots of time, you can do almost anything. But if your time is cut off for any reason, all of your possibilities are cut off as well.
အချိန်ဆိုတာ သင်ပိုင်ဆိုင်သော တန်ဖိုးအရှိဆုံးသော အရင်းအမြစ်တခုဖြစ်ပါတယ်.. သင့်အမှန်တကယ်ပိုင်ဆိုင်သော အရာဖြစ်ပါတယ်.. သင့်ရဲ့ဘ၀လဲဖြစ်ပါတယ်.... သင့်မှာသာအချိန်တွေ အများကြီးရှိမယ်ဆိုရင် အရာအားလုံးနီးပါးကို လုပ်နိုင်မှာဖြစ်ပါတယ်... ဒါပေမယ့် အကြောင်းတခုခုကြောင့်သာ သင့်မှာ အချိန်မရှိတော့ဘူးဆိုရင်တော့ ဖြစ်လာနိုင်တာ အားလုံးတောင်မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး....

Queen Elizabeth I of England was one of the richest women in the world. She owned half the country. Yet, when she was on her deathbed, she turned to her doctor and said, "I would give all I have for a few more minutes of time."
အင်္ဂလန်ရဲ့ ဘုရင်မကြီး Elizabeth I ဟာဆိုရင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသော အမျိုးသမီးကြီးတစ်ယောက် ဖြစ်ပါတယ်.. သူမဟာဆိုရင် နိုင်ငံရဲ့ တ၀က်လောက်ကိုပိုင်ပါတယ်... ဒါပေမယ့် သူမဟာ သေအံ့ဆဲဆဲ အိပ်ယာပေါ်မှာ လဲလျောင်းနေရင်း သူမရဲ့ ဆရာဝန်ကို ပြောမိတယ်... `ကျွန်မအတွက် အချိန် မိနစ်အနည်းငယ်သာ ရမယ်ဆိုရင် ကျွန်မ ပိုင်တာတွေ အားလုံးကိုပေးပါ့မယ်`...တဲ့..

Start This Very Minute
အခုလက်ရှိ အချိန် မိနစ်ကပဲစလိုက် ရအောင်

The time for you and I to begin to appreciate how valuable and precious each minute is right now, not a later time when our minutes and hours are draining away.
အခုလက်ရှိအချိန်တိုင်း မိနစ်တိုင်းဟာ ဘယ်လောက် တန်ဖိုးရှိတယ်၊ အဖိုးမဖြတ်နိုင်တယ် ဆိုတာကို ဒီအချိန်တွေ မိနစ်တွေ နာရီတွေ ကုန်မသွားခင်.. ကျွန်တော်တို့ ခင်ဗျားတို့က တန်းဖိုးထားပြီး နားလည်နေရမှာဖြစ်ပါတယ်....

Action Exercises:
လုပ်ဆောင်ရမည့် တာဝန်
Resolve to become an expert at time management. Work on becoming more efficient every day."
အချိန်ကို စီမံခန့်ခွဲဖို့ အထူးကျွမ်းကျင်သူ တစ်ယောက်ဖြစ် အောင်လုပ်ပါ။ နေ့စဉ်နေ့တိုင်း မိမိရဲ့ စွမ်းရည် ပိုမိုတိုးတက်လာအောင် အလုပ်လုပ်ပါ။


အချိန်က ကိုယ့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို မျှဝေပေးခြင်းပဲဖြစ်ပါတယ်.....
Source: The Best Group News Letter

Monday, June 28, 2010

MLM (Network Marketing), Agel Enterprises and Our Products


MLM (Network Marketing), Agel Enterprises and Our Products
မင်္ဂလာပါ.
ကျွန်တော် အခုလုပ်နေတဲ့ Company အကြောင်းလေးနဲ့ Company က ထုတ်ကုန်အကြောင်းလေးများကို မိတ်ဆက်ရင်း စီးပွါးရေးလဲ စိတ်ဝင်စားမယ့် သူများကို ဖိတ်ခေါ်ချင်ပါတယ်......
ကျွန်တော်တို့ Company က MLM (Multi Level Marketing) စနစ်နဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ချိရောင်းချနေပါတယ်။ MLM ဆိုတာနဲ့ အလိမ်အညာတွေလား ဆိုပြီး ကြောက်ကြတဲ့သူက ခပ်များများရယ်.ပါ။. သိပ်တော့ စိတ်မ၀င်စားကြဘူးပေါ့။ ဒါပေမယ့် တကယ်တော့ MLM ဆိုတာ အလွန်ကောင်းတဲ့ စီးပွါးရေး နည်းပညာတခုပါပဲ။ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားပြီး
လုပ်နိုင်မယ်ဆိုရင် အမြန်ဆုံး နဲ့ အလွယ်ဆုံး သူဌေးဖြစ်နိုင်တဲ့ နည်းလမ်းပေါ့။

ကမ္ဘာကျော် စီးပွါးရေး ပညာရှင်ကြီးတယောက်က ပြောဖူးတယ်.. အရင်ကဆိုရင် မီလျံနာသူဌေးကြီး တယောက် ဖြစ်ဖို့ နှစ်တွေ ဆယ်ချီပြီး ကြိုးစားတည်ဆောက်ခဲ့ကြရတယ်.. ခုတော့ လွယ်ကူလာလိုက်တာ နှစ်အနည်းငယ် တချို့များ လအနည်းငယ်အတွင်း မှာကို မီလျံနာသူဌေးကြီးတွေဖြစ်ကုန်ကြတယ်တဲ့.... ဒါဘာလို့လဲ.. စီးပွါးရေးနည်းပညာတွေတိုးတက်လာလို့ပေါ့။

Business ကို ဘယ်လိုလုပ်ရတယ်ဆိုတာလေး မပြောခင် ကိုယ်က အရင်ဆုံး Company အကြောင်းလေးနဲ့ ကိုယ်တို့ Company ကထုတ်တဲ့ Products တွေအကြောင်းကို နဲနဲလေး အတိုချုပ်ပြောပြချင်တယ်။
  • အမေရိကန်နိုင်ငံ Utah မြို့တွင် ၂၀၀၅ ခုနှစ် တွင် စတင်တည်ထောင်ကာ suspension gel technology ဖြင့် ထုတ်လုပ်သော ပစ္စည်းများကို ပထမဦးဆုံးသော စတင်ရောင်းချခဲ့သည်။

  • နိုင်ငံပေါင်း (၁၀)နိုင်ငံတွင် စတင်ဖြန့်ချိရောင်းချခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း (၅၅) နိုင်ငံကျော်တွင် ရုံးခွဲ့များဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

  • ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်တွင်း စတင်ရောင်းချသော ပထမဆုံးလ၏ ရောင်းအားမှာ network marketing (or MLM) ဖြင့် ကုန်ပစ္စည်းရောင်းချသော company များတွင် အများဆုံးရောင်းရသော company အဖြစ်မှတ်တမ်းဝင်သွားသည်။

  • တကမ္ဘာလုံး အင်တာနက်ရှိသည့်နေရာတွင် စီးပွါးရေး ပြုလုပ်နိုင်အောင် အွန်လိုင်းစနစ်ကို အပြည့်အ၀ အသုံးပြုထားသည့် စီးပွါးရေးဖြစ်သည်။


အာရှမှာဆိုရင် ထိုင်းနိုင်ငံကို အရင်ဦးဆုံး စတင်ရောက်ရှိပါတယ်။ ထိုင်းနိုင်ငံကမှ တဆင့် မလေးရှား၊ နောက် ဗီယက်နမ် ၊ မလေးရှားကတဆင့် စင်ကာပူနဲ့ အင်ဒိုနီးရှား.. စသည်ဖြင့် အဆင့်ဆင့် ပြန်နှံရောက်ရှိသွားလိုက် တာ.. ခုဆိုရင် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံတခုပဲ Company ကတိုက်ရိုက် ရုံးခွဲ့ဖွင့်လှစ်ဖို့ ကျန်နေ ပါတော့တယ်။ ဒါတောင်မှ မနှစ်က အောက်တိုဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံကို အလည်ရောက်ရင်း ကိုယ်တို့ Company ကို စိတ်ဝင်စားပြီး Member ၀င်လိုက်တဲ့ သူတစ်ဦးရဲ့ ဖိတ်ခေါ်မှုကြောင့် ကုန်ပစ္စည်း မိတ်ဆက်ပွဲ လေး Park Royal Hotel မှာ လုပ်ဖြစ်ခဲ့ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလဲ တချို့ သိနေကြပြီဖြစ်ပါတယ်.. ထိုင်းနိုင်ငံကနေတဆင့် ၀င်ရောက်လာတာပေါ့။
(
ရန်ကုန်မှာလဲ တချို့သူများ ဒီ Agel စီးပွါးရေးကို လုပ်ကိုင်နေကြပြီဖြစ်ပါတယ် )

ဟုတ်ပြီ.. ကိုယ်ခု Company ကထုတ်လုပ်တဲ့ Products တွေအကြောင်းကိုနဲနဲလေးပြောပြမယ်...ကိုယ်တို့ ထုတ်ကုန်တွေသည် အသစ်ဖြစ်နေတယ်။.. ဒါမျိုး ဆင်တူပစ္စည်း လုံးဝမရှိဘူး။ ဒီCompany မှာပဲရှိတယ် ဆိုတော့ ပစ္စည်းတူ. အမျိုးအစားတူတွေနဲ့ ယှဉ်ပြိုင်နေစရာမလိုဘူး သူများနဲ့ ပြိုင်ပြီး ၀င်တိုးစရာမလိုဘူးပေါ့ ။

ခု အရင်ဆုံး Agel Products တွေကို ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Suspension Gel Technology ဆိုတာကိုရှင်းပြပါ့မယ်။ ဘယ်လိုမျိုးလဲဆိုတော့ သူက ကိုယ်တို့ ခေါင်းလိမ်းတဲ့ Water Gel လိုမျိုး. ခပ်ပျစ်ပျစ် အရည်ပုံစံလေးပါ။
အရင်က ဆိုရင် ဆေးတွေဟာ ဆေးလုံးဆေးပြားတွေ ၊ အမှုန့်တွေ၊ နောက်ပြီးတော့ အရည်တွေ စတဲ့ ပုံစံတွေပဲရှိပါတယ်။ အဲ့ဒီ ဆေးတွေဆိုရင် သောက်ဖို့ဆိုရင် ဆေးလုံးတွေဆေးပြားတွေ ဆိုရင်ရေလိုမယ်။ နောက်အ၀င်ဆိုးမယ်ဟုတ်တယ်မလား.။ လူတိုင်းကိုနား လည်တာပဲ ဆေးဆိုတာနဲ့ ပဲ ခါးတယ်ဆိုတာ ဟုတ်တယ်မလား။ ကလေးတွေ၊ အသက်အရွယ်ကြီးသူတွေမှာ ဒီလိုဆေးလုံးတွေကို မျိုချရတာလဲ ခက်ခဲပါတယ်။ ပြီးတော့ အမှုန့်တွေ ဆိုရင် ရေနဲ့ ဖျော်ရတာတွေ ဘာတွေရှိမယ်။ ဆေးပုလင်း အရည်တွေဆိုရင်လဲ တချို့ဟာတွေ ဆိုရင် ရေခဲသေတ္တာထဲ ထည့်မှ ရတာတို့ ဘာတို့တွေ ရှိမယ် ဟုတ်တယ်နော်။ ပြီးတော့ ဆေးဆို တာသောက်လိုက်ရင် သူက အစာမျိုပြွန်က တဆင့် ၀င်သွားပြီး အူတွေ ထဲကနေ အူနံရံတွေက နေ ဆေးကို စုပ်ယူရတာဖြစ်ပါတယ်။ ..အဲ့လိုစုပ်ယူပြီးမှ သွေးလှည့်ပတ်မှု အဖွဲ့ အစည်းကတဆင့် သက်ဆိုင်ရာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေဆီကိုပို့တာပါ။ ဆိုတော့ အဲ့လို အရင်ကဆေးတွေမှာ သောက်ဖို့ အတွက် ခုဏကလိုမျိုး လိုအပ်ချက်တွေ ရှိနေတဲ့ အပြင် သောက်လိုက်ပြီ ဆိုရင် လဲ လူ့ရဲ့ အူနံရံကနေ ၃၀% ကနေ ၅၀ % ထိပဲ စုပ်ယူနိုင်တယ်။ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေဆို ရင် စုပ်ယူနိုင်မှုအားက ပိုနဲသေးတယ်။ ဆိုတော့ ကျန်တဲ့ ဆေးရဲ့ ၅၀% တွေက ဆီးနဲ့ အတူ ပြန်စွန့်ထုတ်လိုက်ကြတယ်။
ကိုယ်တို့ Company က ထုတ်တဲ့ Suspension Gel Technology နဲ့ ထုတ်တဲ့ Products တွေကကျတော့ Gel အထုတ်လေးတွေ..တခါသောက်လေးတွေ ဆိုတော့အလွယ်တကူသယ်ယူသွားလို့ရ တယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူး.။ ခုဏကပြောတဲ့ သောက်ဖို့ အတွက် ရေလိုတာတွေ တို့ ရေခဲ သေတ္တာထဲမှာ ထားရမှာ တို့ မရှိဘူး။ သောက်ချင်တဲ့ အချိန်မှာ အထုတ်ကလေးကို အလွယ်တကူ ဖေါက်သောက်လိုက်ရုံပဲ။ ပြီးတော့ ဆေးကို အူနံရံတွေကနေ စုပ်ယူနိုင်မှုအားက ၉၀% ကနေ ၁၀၀%ရှိတယ်။ ဒါကို ကျွမ်းကျင်တဲ့ ဆေးဝါးပညာရှင်တွေက စစ်ဆေးပြီး ခိုင်လုံတဲ့ အထောက်အထားတွေရှိတယ်။ အူနံရံကနေ အများဆုံး စုပ်ယူနိုင်ပြီးတော့ ၁၀ မိနစ်ကနေ ၁၅ မိနစ် အတွင်းမှာ သွေးလှည့်ပါတ်မှုစနစ်ထဲကို ချက်ချင်းပို့ဆောင်ပေး တယ်။ ဆိုတော့ ဆေးရဲ့ အကျိုးအာနိသင်ကို ပြည့်ပြည့် ၀၀နဲ့ အမြန်ဆုံး ရနိုင်ပါတယ်။ ဒါက Company က ထုတ်ထားတဲ့ Products ကို ဘယ်လိုနည်းပညာနဲ့ထုတ်ထားတယ်။ လူတွေအတွက် ဘယ်လို ထိထိရောက် ရောက်နဲ့ အကျိုးရှိတယ်ဆိုတာရှင်းပြတာဖြစ်ပါတယ်။

ကိုယ်တို့ Company မှ ထုတ်တဲ့ Products တွေကို အဓိက အားဖြင့် category ၂ခုခွဲထားပါတယ်။ Health Care Products နဲ့ Skin Care Products ဆိုပြီးဖြစ်ပါတယ်။
အဲ့ဒီထဲကမှ Health Care Products ကို Group ၃ခုနဲ့ Skin Care Products က Group တခုထပ်ပြီး ခွဲထားပါတယ်။ Agel Core, Agel Active, နဲ့Agel Thrive တို့က Health Care Products တွေဖြစ်ပြီး Skin Care Products Group ကိုတော့ Agel Body လို့ခေါ်ပါတယ်။
Agel Core ဆိုတဲ့ Group ထဲမှာပါတဲ့ Products တွေကတော့..
  • EXO

  • UMI

  • MIN တို့ဖြစ်တယ်။

Agel Active Group မှာ ဘာတွေ ပါသလဲဆိုရင်တော့
  • FIT (SLIM for Thailand)နဲ့

  • OHM ပါပြီးတော့

Agel Thrive Group မှာတော့
  • GRN

  • FLX နဲ့

  • HRT အဲ့ဒါတွေ ပါတယ်။








နောက် Group တခုဖြစ်တဲ့ Agel Body ဆိုတာကတော့ Skin Care Product ပဲ။ အဲ့ဒီမှာတော့ ထုတ်ကုန်ပစ္စည်း (၈) မျိုးပါဝင်ပါတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတော့

  • GLO

  • Gentle Daily Cleansing Gel

  • Revitalizing Gel Scrub

  • Refreshing Anti-oxidant Misting Gel

  • Age Defying Eye Gel

  • Intensive Anti-aging Gel Serum

  • Daily Moisturizing Gel နဲ့

  • Nourishing Night Gel တွေပါပဲ။



ဒီအကြောင်းအရာ လေးတွေက အရှေ့ Blog လေးတွေမှာပြောပြီးသားဖြစ်ပေမယ့် ပြန်ပြောပြလိုက်ပါတယ်။

ဟုတ်ပြီ။ ခု ကိုယ်က ဘာလို့ Agel ကိုရွေးချယ်ခဲ့တာလဲ..ဘာလို့ ဒီ Agel Business ကိုလုပ်တာလဲ.. နောက်ပြီးတော့ ဘာလို့ Agel က ခုကမ္ဘာမှာ အောင်မြင်လာသော Company ဖြစ်လာရသလဲ....

Why Agel?
  • ခိုင်မာသည့် ဘဏ္ဍာရေးနောက်ခံ အဖွဲ့အစည်းရှိခြင်း

  • Suspension Gel Technology ကိုအသုံးပြုကာ ပထမဦးဆုံးသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခဲ့ခြင်း

  • ထုတ်ကုန်ပစ္စည်းအသစ်ဖြစ်ခြင်း

  • မြင်သာရှင်းလင်းသော commission ပေးသည့် စနစ်ရှိခြင်း

  • ပူးပေါင်းလုပ်ကိုင်ရန် အချိန်ကောင်းဖြစ်ခြင်း

  • အတွေ့အကြုံရင့်ကျက်ပြည့်ဝသည့် အုပ်ချုပ်မှုအဖွဲ့နှင့် ခေါင်းဆောင်ကောင်းများရှိခြင်း

ဒီအချက်တွေကြောင့်ပဲ ကိုယ်က ဒီ Agel ကိုရွေးပြီး လုပ်ကိုင်ရသလို့ ဒီအချက်တွေကပဲ Agel ကခုချိန်မှာ အောင်မြင်လာတာဖြစ်ပါတယ်။

မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတို့လဲ ဒီလိုအရမ်းကောင်းတဲ့ အခွင့်အရေးတခုကို လက်တွေ့ လေ့လာ လုပ်ကိုင်ပြီး မီလျံနာကြီးတွေဖြစ်နိုင်အောင် ထပ်မံဖိတ်ခေါ်လိုက်ပါတယ်....
အားလုံးပဲ ကံကောင်းနိုင်ကြပါစေ...............

Sunday, June 20, 2010

သူငယ်ချင်းတို့ရေ
သူငယ်ချင်းတို့ နိုင်ငံခြားကို ထွက်လာတာက ဒီမှာ ပဲ လခစား အလုပ်ကို တသက်လုံးလုပ်တော့မယ်လို့ ဆုံးဖြတ်ပြီး ထွက်လာတာလား။ တရက်တရက် မိုးလင်းမိုးချုပ် အိမ်နဲ့ အလုပ်နဲ့ အသွားအပြန် MRT ပေါ်မှာနဲ့ အချိန်ကုန်နေကြတော့မှာလား။
အလုပ်မှာ Stress တွေပိပြီး စိတ်တွေညစ်နေကြပြီလား။ နှစ်ကုန်ရင် ထွက်လာမယ့် bonus လေး မှန်းချက်နဲ့ နှမ်းထွက်ကိုက်ပါ့မလားလို့ စိတ်ပူနေရပြီလား။ မိမိဘ၀ရှေ့ရေးအတွက် ဘာတွေများစုမိဆောင်းမိ ရှိနေပါပြီလဲ။ မြန်မာပြည်တခေါက်ပြန်ရင် ဘယ်လောက်များ စုဆောင်းထားတာတွေပါသွားလဲ။ ပြန်ဖို့ အတွက် ပြင်ဆင်နေချိန်မှာပဲ အခွန်ဆောင်လိုက်ရတာနဲ့ စုထားတာလေးတွေ ကုန်သွားပြီလား။ မြန်မာပြည်ပြန်ရောက်တော့လဲ ဘာလုပ်လို့လုပ်ရမှန်းမသိပဲနဲ့ နိုင်ငံခြားပဲ ပြန်ရောက်လာပြီလား။ ဒီဟာလေးတွေ စဉ်စားစရာမလိုအောင် မိမိအားတဲ့ တရက် နှစ်ရက် လောက်ကလေး အလုပ်လုပ်ရုံနဲ့ လောက်လောက်လားလား ၀င်ငွေရနိုင်တဲ့ အလုပ်ကလေး မလုပ်ချင်ကြဘူလား။
နောက်ပြီးတော့ ကိုယ်တို့ company မှာ အင်မတန်မှ ကောင်းမွန်တဲ့ Management Team ရှိပါတယ်။ လစာမတိုးပေးမှာတွေ လစာဖြတ်မှာတွေ ပူနေစရာမလိုဘူး။ ကိုယ်ကြိုးစားရင် ကိုယ်ကြိုးစားသလောက် ၀င်ငွေကို ကန့်သတ်ချက်မရှိရှာလို့ရတယ်။ ပြီးတော့ အင်မတန်မှ စွမ်းရည်ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတွေပါဝင်တဲ့ Advisory Team ရှိတယ်။ တောင့်တင်းတဲ့ ဘဏ္ဍာရေးနောက်ခံ အဖွဲ့အစည်းရှိတယ်။ ခုလိုမျိုး စီးပွါးရေ အကြပ်အတည်းကာလတွေမှာ အားလုံးသော company တွေ အကြပ်အတည်းဆိုက်နေချိန်မှာ ကိုယ်တို့ company ကတော့ ရောင်းအားတွေက တက်နေပြီးတော့ ၀င်ငွေတွေတက်နေတယ်။ တခြားcompany တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ပြီးတော့ product တွေကို ဖြန့်ချိတဲ့နေရာမှာလဲ. MLM လို့ ခေါ်တဲ့ Multi Level Marketing နဲ့ တချို့ကလဲ Net work Marketing လို့ ခေါ်တဲ့ စနစ်နဲ့ ဖြန့်ချီတဲ့ အတွက်ဝယ်ယူသုံးဆွဲသူ.လူတိုင်းအတွက် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အကျိုးကျေးဇူးတွေ သာမက စီးပွါးရေးလုပ်လိုသူများအတွက်ပါ အရမ်းကိုကောင်းတဲ့ အခွင့်အရေးတွေအများကြီးရစေတယ်။
ဟုတ်ပြီ နော်။ သူငယ်ချင်းတို့ ကိုယ့်လက်ရှိအလုပ်ကိုလဲ ထွက်လိုက်စရာမလိုပဲနဲ့ ကိုယ်ပိုင်စီးပွါးရေးလုပ် လို့ရမယ်ဆိုရင် မကောင်းဘူးလားနော်။
ကိုယ် အခုစင်ကာပူမှာ လက်ရှိလုပ်နေတာက net work marketing နဲ့ Company က ထုတ်လုပ်သော ပစ္စည်းတွေကို ရောင်းချခြင်းနဲ့ ဒီ MLM စနစ်နဲ့ Business လုပ်လိုသူတွေကို ဖိတ်ခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ် ခုလုပ်နေတာ Singapore မှာ ဘာလိုင်စင်မှာ လျှောက်စရာမလိုသလို ငွေလဲ အလုံးအရင်း အများကြီး ရင်းနှီးစရာမလိုပါဘူး။ စင်ကာပူမှာ၊ မလေးရှားမှာ အလုပ်လုပ်နေကြသူများအတွက် ကိုယ့်လစာ တလစာလောက်ကိုသာ ရင်းနိုင်မယ်ဆိုရင် လုပ်ငန်းစလုပ်လို့ရပြီဖြစ်ပါတယ်။ ငွေအများကြီး ရင်းနေစရာမလိုသလို တခြားရင်းနှီး မြုပ်နှံမှု ကုန်ကျစရိတ်များလဲ မရှိပါဘူး။ 
(ခုဆိုရင် ရန်ကုန်မှာလဲ ထိုင်းကနေ တဆင့် ၀င်လာပြီး တချို့ လုပ်နေကြပြီဖြစ်ပါတယ်..)
ဒါကတော့ ကိုယ်တို့ Agel Business ပါပဲ။
ဒီနေရာမှာ ပြောစရာလေးတွေ ရှိလာတယ်။ ဘာလို့လဲ ဆိုတော့ တချိုက ထင်ကြတယ် ဒီ MLM ဆိုတာ meeting တွေ သွားသွားတက်ပြီး လူတွေပြောတာနားထောင်ရတယ်။ ပျင်းစရာကောင်းတဲ့ game တခုကိုကစားနေရသလိုပဲ။ (Rich Dad, Poor Dad, Cash Flow Quadrant plan, Robert Kiyosaki) စတဲ့ ကြောင်းတွေပဲ ပြောပြောနေတာကို နားထောင်နေရတယ် လို့ သူငယ်ချင်းတယောက်ကပြောလာတယ်။ ဒါသူ MLM ကို ဘယ်လိုလုပ်ရတယ်ဆိုတာကို သေချာနားမလည်သေးလို့ ဖြစ်ပါလိမ့်မယ်။ မှန်ပါတယ် များသောအားဖြင့် စစချင်းမှာ meeting တွေ သွားတက်ပြီး လူတွေက စကားတွေ
ပြောနေကြတာကို ပျင်းသွားကြပါတယ်။ ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ်ဆိုရင် ကိုယ်ကိုတိုင် ဒီအလုပ်ကိုလုပ်လို့ ဒီက ၀င်ငွေတခုထဲနဲ့ပဲ ရပ်တည်နေပေမယ့် အဲ့လိုmeeting တခါပဲ သွားတက်ဖူးပါတယ်။ နောက်ထပ်သွားမတက်ဖြစ်တော့ပါဘူး။ သူတို့ ပြောတာတွေခဏခဏ နားထောင်နေရတော့ ပျင်းလာတာပေါ့ဗျာ။ ဒါပေမယ့်လေ သေချာနားလည်မယ်ဆိုရင်တော့ ပြောတာတွေဟာ နည်းလမ်းကောင်းတွေပဲ မဟုတ်ဘူးလား။ ဒါတွေကို meeting တွေ လိုက်တက်ပြီးနားထောင်နေမှ မဟုတ်ပါဘူး။ စာတွေထဲမှာလဲ ဖတ်လို့ရနေတာပဲလေ။ အဲ့လိုဖတ်ထားပြီး ကိုယ်နားလည်မယ်။ ဒီနည်းလမ်းကို သိလို့ လုပ်မယ် ဆိုရင် ပြီးတာပဲပေါ့။ ကိုယ်ကတော့ ဒီ MLM ဆိုတာ ကောင်းတယ် ကိုယ်တိုင် လုပ်ရင် ပြီးတာပဲ။ ခုလိုmeeting တွေ လိုက်တက်နေဖို့ မလိုပါဘူး။ ခုဆိုကိုယ်လုပ်နေတာဖြစ်နေတာပဲဗျာ။ အကောင်းဆုံးကတော့ Singapore (နိုင်ငံခြားက) က လူအများစု ကြုံတွေနေရတဲ့ နေ့စဉ်ရုံးတက် ရုံးဆင်း အလုပ်ချိန်အမှီပြေးရ၊ boss မျက်နှာကို ကြည့်နေရ၊ အလုပ်နောက်ကျမှာ ပူရ၊ over time ဆင်းပြီး ခုအခြေအနေမကောင်းလို့ဆိုပြီး OT မရတာ၊ နှစ်ကုန်လို့ bonus လေးထွက်ပါ့မလား၊ Company က Project ထပ်မရလို့ အလုပ်ပဲ ပြုတ်မလား၊ ဒါတွေတခုမှ ကိုယ် ပူစရာမလိုဘူး။ ဘာ stress မှ မရှိဘူး။ သူများ MLM လုပ်တဲ့နည်းလမ်းနဲ့ ကိုယ်နားလည် လက်ခံပြီးလုပ်တဲ့ နည်းလမ်းလေးနဲနဲကွာတာပေါ့လေ ဟုတ်ဘူးလား။




ကိုယ်တို့ မြန်မာနိုင်ငံက Shine Hope Company, TIENS, Nu Life, GANO Excel, Healthy shop,.......စသဖြင့်company တွေ စင်ကာပူမှာဆိုရင်တော့လဲ တော်တော်များများကြားဖူးပြီးသားဖြစ်မှာပါ။ AMWAY, MARY KAY, HERBALIFE, NU SKIN, DCHL စသည် စသည်ဖြင့် Company ကြီးတွေ ဒီCompany ကြီးတွေဟာဆိုရင် မလေးရှားမှာလဲ ရှိပါတယ်။
ခုထိအောင်မြင်နေဆဲ company ကြီးတွေပါပဲ။ ပျင်းစရာ ကြီး ဆိုပြီး လူတွေ စိတ်မ၀င်စားကြဘူးဆိုရင် ဘယ်ရပ်တည်နေနိုင်ကြမလဲနော်။ AMWAY ဆိုတာ လွန်ခဲ့သော 195X ကပါ။ HERBALIFE ဆိုရင် လွန်ခဲ့သော 197X ကပါ။ ခုထိဘာလို့ရှိနေရတာလဲ။ ကျွန်တော် အပေါ်မှာ ပြောပြသွားတဲ့ ထဲမှာပါတဲ့ DCHL ဆိုရင် လွန်ခဲ့သော နှစ် ၁၀၀ ကျော်ကတဲကနော်။ ဘာလို့ ခုထိရှိနေရတာလဲ။ အောင်မြင်နေဆဲပဲလေ။ ဟုတ်ဖူးလား။ ကိုယ်တို့ Company ဆိုရင်လဲ လွန်ခဲ့တဲ့ ၅နှစ်က စတယ်ဆိုပေမယ့် တကယ့်နောက်ဆုံးပေါ်ထုတ်ကုန်ပစ္စည်းနဲ့ တကယ်အရည်သွေးပြည့်ဝတဲ့ ထုတ်ကုန်နဲ့ သူများနဲ့ မတူတဲ့ MLM စနစ်တွေနဲ့ လုပ်ခဲ့လို့ ခုဆိုရင် ဒီ အရှေ့တောင်အာရှမှာ အရမ်းကိုအောင်မြင်နေတာပါ။ ထိုင်းနိုင်ငံမှာ အရမ်းကို အောင်မြင်ပါတယ်။ နောက် ဒုတိယလိုက်တာက ဗီယက်နမ်ပါ။ နောက် မလေးရှား။ နောက် အင်ဒိုနီးရှား ....စင်ကာပူ စတဲ့ နိင်ငံတွေမှာ အရမ်းကို အောင်မြင်နေပြီဖြစ်ပါတယ်။
နောက်မကြာမှီ အချိန်အတွင်းမှာ မြန်မာနိင်ငံကိုရောက်တော့မှာပါ။ ဒါပေမယ့် ကိုယ်တို့ company က net work marketing company ဖြစ်တာကြောင့် ကမ္ဘာပေါ်က မည့်သည့်နေရာဒေသက မဆို အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီးတော့ ပါဝင်လုပ်ကိုင်နိုင်ပါ တယ်။ ကဲ ကိုယ်ကတော့ ကိုယ့် သူငယ်ချင်းတွေကို အရမ်း ကောင်းတဲ့ အခွင့် အရေးတခု လက်လွတ်သွားမှာစိုးလို့ ကိုယ် တို့ company နဲ့ မိတ်ဆက်ပေးလိုက်တာပါ။ အားလုံးပဲ ဒီ websiteလေးမှာလေ့လာနိုင်ပါ တယ်နော်။..... 
www.agel.com
www.agel-mm.blogspot.com

MLM ရဲ့ သဘောသဘာဝအရ အရင် ဦးတဲ့သူက အခွင့်အလမ်း ကောင်းကိုသူများထက်အရင်ရမှာပဲဖြစ်ပါတယ်..ကိုယ့်သူငယ်ချင်းတွေ ဘာကြောင့်တွေဝေနေကြမှာလဲနော်.....ရလာတဲ့ အခွင့်အရေးကို ကိုယ်မယူဘူးဆိုရင်တော့ နောက်လူက ယူသွားမှာဖြစ်ပါတယ်။ ခုချိန်မှာ ကိုယ်တို့ Agel Business မှာ မြန်မာ member တွေ လက်ချိုးရေလို့ပဲ ရပါသေးတယ်။ မြန်မာတွေကြားမှာ လူအများကြီး မသိသေးခင် ကိုယ်က ဦးအောင်သိထားလိုက်တာနော်... ဟုတ်တယ်မလား။
ကဲ စိတ်ဝင်စားသူများရှိရင် myoagel@gmail.com; gora.christoop@gmail.com ကိုပြန်လည်ဆက်သွယ်နိုင်ပါတယ်။
အားလုံးပဲကံကောင်းနိုင်ကြပါစေ။


မှတ်ချက်။ ။ခုဆိုရင် ရန်ကုန်မှာလဲ ထိုင်းကနေ တဆင့် ၀င်လာပြီး တချို့ လုပ်နေကြပြီဖြစ်ပါတယ်..