Agel ရဲ့ ထူခြားတဲ့ Products Group တခုကတော့ Agel Body လို့ခေါ်တဲ့ ageless Skincare တွေပဲဖြစ်ပါတယ်။
ageless ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်က ထာဝစဉ်နုပျိုနေတယ်လို့ဖြစ်ပါတယ်။ ဒါကြောင့် Agel ရဲ့ ageless Skin Care ထုတ်ကုန် တွေကို သုံးစွဲခြင်းအားဖြင့် ထာဝစဉ်ကျန်းမာ နုပျိုသော အသားအရေအလှကို ရှိစေမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ Agel ရဲ့ ageless ထုတ်ကုန်များကို antioxidant ပြည့်ဝစွာပါဝင်နေတဲ့ အကောင်းဆုံးသော သဘာဝပစ္စည်းများဖြစ်တဲ့ စပျစ်သီးအစေ့များ နှင့် အသားအရေကို ထာဝစဉ် ကျန်းမာနုပျိုသော အခြေအနေတွင် ထိန်းသိမ်းပေးထားနိုင်တဲ့ သဘာဝ အသီးအနှံတွေကို စနစ်တကျ ရွေးချယ်ထည့်သွင်းဖေါ်စပ်ထားတာပဲဖြစ်ပါတယ်။
တကယ်တော့ ဒီ Skincare Products တွေ အားလုံးဟာ Agel Core Product Group က EXO ကို အခြေခံပြီး ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ EXO ရဲ့ စွမ်းအားများဖြစ်တဲ့ သဘာဝ antioxidant ရာပေါင်းများစွာပါဝင်တာ၊ မိမိခန္ဓာကိုယ်ကို free radical တွေရဲ့ ဖျက်ဆီးလာမှုက နေကာကွယ်ပေးနိုင်တာ၊ နောက်ပြီးတော့ အရေပြားပေါ်က အရေးအကြောင်းပေါ်မှုတွေကို တားဆီးပေးနိုင်တာ စတဲ့အချက်တွေကို အခြေခံပြီးတော့ ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။
လူတိုင်းဟာ မိမိတို့ အရေပြားကို ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။ ဘာလို့အရေပြားကို ထိန်းသိမ်းသင့်သလဲဆိုရင် ကျွန်တော်တို့ အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ် အပိုင်းဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်ပြီး အမြဲမပြတ် အသစ်ဖြစ်ပေါ်နေတဲ့ အစိတ်အပိုင်းလဲ ဖြစ်ပါတယ်။ မိမိ ခန္ဓာကိုယ်အတွက် လိုအပ်သော အရာများကို ထိန်းသိမ်းထားပေးပြီး အန္တရာယ်ရှိသောအရာများ မ၀င်ရောက်နိုင်ရန်လဲ တားဆီးပေးထားတဲ့ အပြင် ခန္ဓာကိုယ် အပူချိန်ကိုလဲ ထိန်းသိမ်းထားပေးပါတယ်။ ဒီလိုအရေးကြီးတဲ့လုပ်ငန်းတွေကို ပုံမှန် လုပ်ဆောင်နိုင်နေဖို့အတွက် အရေပြားရဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်တာဖြစ်ပါတယ်။
ခန္ဓာကိုယ်အရေပြားကို အဓိက ဖျက်ဆီးစေတာကတော့ free radical ကြောင့်ပဲဖြစ်ပါတယ်။
ဒီ free radical တွေက ဘယ်ကနေ ရောက်လာတာလဲဆိုရင် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု တွေ၊ နေရောင်ခြည်၊ အရက်သောက်ခြင်းနဲ့ဆေးလိပ် သောက်ခြင်း စတာ တွေကနေရောက်ရှိလာတာဖြစ်ပါတယ်။ Antioxidant ဆိုတာ ကတော့ ဒီ free radical တွေကို အဓိကတားဆီးပေးထားနိုင်သော အရာဖြစ်ပါ တယ်။ အဆိုပါ antioxidants တွေဟာ အသားအရေကို ထိန်းသိမ်းကာကွယ် ပေးနိင်ရုံတင်မကပဲ နှလုံးရောဂါ၊ ကင်ဆာရောဂါ ကဲ့သို့သော ရောဂါကြီးများကိုပင် ကာကွယ်ပေးထားနိုင်ပါတယ်။
Agel ageless Skin Care များကို ကမ္ဘာ့ထိပ်တန်း အသားအရေ ထိန်းသိမ်းရေးပစ္စည်းများ ထုတ်လုပ်သော နည်းပညာများထက်သာလွန်သော Suspension Gel Technology နဲ့ထုတ်လုပ်ထားခြင်းဖြစ်ပြီးတော့ ထုတ်လုပ်ပေးသော ပညာရှင်မှာ ကမ္ဘာကျော် Harvard University မှ ဓါတု အင်ဂျင်နီယာဘွဲ့ရရှိထားသူ Prakash Prohuit ပဲဖြစ်ပါတယ်။
သူဟာဆိုရင် သဘာဝပစ္စည်းများရဲ့ လူ့အရေပြားအပေါ် အကျိုးသက်ရောက်မှုများကို နှစ်ပေါင်း (၂၅)နှစ်ကျော်ကြာလေ့လာခဲ့ပြီးနောက် အသားအရေ ထိန်းသိမ်းရေး ပစ္စည်း အမျိုးအစားပေါင်း (၇၀၀) ကျော်ကို ဖေါ်စပ်ထုတ်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ Agel ageless Skin Care လောက်ကောင်းတာ လောက် သူဖေါ်စပ်ပေးခဲ့တဲ့ ပစ္စည်းမရှိပါဘူး။ သူ့ရဲ့ favorite products ကတော့ Agel ageless Skin Care line ထဲက Daily Moisturizing Gel ပဲဖြစ်ပါတယ်။
Ageless Skin Care ထုတ်ကုန် အားလုံး (၇)မျိုးရှိပါတယ်။

- Gentle Daily Cleansing Gel
- Revitalizing Gel Scrub
- Refreshing Anti-Oxidant Misting Gel
- Intensive Gel Serum
- Age Defying Eye Gel
- Daily Moisturizing Gel
- Nourishing Night Gel
၁) Gentle Daily Cleansing Gel
နေ့စဉ်သုံးမျက်နှာသန့်စင် Gel ဆပ်ပြာဖြစ်ပါတယ်။
မိမိ မျက်နှာပြင် အရေပြားတွင် ကပ်ညိနေသော အညစ်အကြေး၊ ဖုံ၊ မိတ်ကပ် စတာ
တွေကို ဖယ်ရှားပေးပြီး အသားအရေကို သန့်ရှင်း နူးညံ ချောမွတ်စေပါတယ်။
သုံးစွဲပုံကတော့ လက်ဖြင့် အနည်းငယ်ယူကာ မျက်လုံးကို ရှောင်ရှား၍ မျက်နှာနှင့် လည်ပင်းတ၀ိုက် အား စက်ဝိုင်းပုံ ဖြည်ညင်းစွာ ပွတ်သပ်ပြီး သန့်စင်ပေးနိုင်ပါတယ်။
ပြီးနောက် ရေ ဖြင့် ပြန်လည်သန့်စင်နိုင်ပြီး မနက်တကြိမ်၊ ညတကြိမ် နေ့စဉ် အသုံးပြုနိုင်ပါတယ်။
၂) Revitalizing Gel Scrub
မျက်နှာပေါ်ရှိ သေသွားသော အရေပြားဆဲလ်များကို အသစ်ပြန်ဖြစ်စေသော Gel ဆပ်ပြာဖြစ်ပါတယ်။
မိမိမျက်နှာပြင် အရေပြားတွင် မသန့်စင်သောအရာများ၊ အရေပြားဆဲလ်အသေများ အရေပြားဆဲလ်အသေများကို ဖယ်ရှားပေးပြီး နူးညံ့သော ကျန်းမာသန့်ရှင်းသည့် အသားအရေကို ရရှိစေနိုင်ပါတယ်။
သုံးစွဲပုံကတော့ လက်ဖြင့် အနည်းငယ်ယူကာ မျက်လုံးကို ရှောင်ရှား၍ မျက်နှာနှင့် လည်ပင်းတ၀ိုက် အား စက်ဝိုင်းပုံ ဖြည်ညင်းစွာ ပွတ်သပ်ပြီး သန့်စင်ပေးနိုင်ပါတယ်။
ပြီးနောက်အနဲငယ်နွေးသောရေ ဖြင့် ပြန်လည်သန့်စင်နိုင်ပြီး တပတ်လျှင်(၄) ကြိမ် မှ (၅)ကြိမ် သုံးလျှင် လုံလောက်ပါတယ်။
၃) Refreshing Anti-Oxidant Misting Gel
မျက်နှာပြင် အရေပြားကို ပြန်လည်လန်းဆန်း စိုပြေလာစေသော အာဟာရဖြည့် Misting Gel ဖြစ်ပါတယ်။
မိမိမျက်နှာပြင် အသားအရေ ထိန်းသိမ်းရေးအတွက် အသုံးပြုထားသော မျက်နှာ သန့်စင်ဆပ်ပြာ မျက်နှာချေးချွတ်ဆပ်ပြာ စသည်တို့ကို ပြန်လည်ဖယ်ရှားပေးပြီး မျက်နှာကို စိုပြေလန်းဆန်းစေပါတယ်။
ထို့ပြင် ageless misting gel toner သည် မိမိမျက်နှာပြင်အရေပြားကို တနေ့တာ အတွက် အသားအရေထိန်းသိမ်းရေး လုပ်ငန်းကို စတင်နိုင်ရန် ပြင်ဆင်ပေးခြင်း လည်းဖြစ်ပါတယ်။
သုံးစွဲပုံကတော့ မျက်နှာနှင့် လည်ပင်းတ၀ိုက်အားပက်ဖြန်းပါ။ ပြီးနောက် ခြောက်သွေ့ စေရန် ၂ မိနစ်ခန့် ခေတ္တထားပြီးနောက် နေ့ဘက်တွင်Anti aging Gel Serum နှင့် Daily Moisturizing Gel ကိုဆက်လက်လိမ်ပေးနိုင်ပြီး ညဘက် ဆိုပါက Nourishing Night Gel ကို ဆက်လက်လိမ်းပေးနိုင်ပါတယ်။
၎) Intensive Gel Serum
ဗီတာမင်နှင့် anti-oxidant များစွာပါဝင်သော မျက်နှာလိမ်း Gel တစ်မျိုး ဖြစ်ပြီး မျက်နှာ ပြင် အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်၍ သင့်မျက်နှာကို နူးညံ့ စိုပြေစေနိုင်သော မျက်နှာလိမ်း Gel တစ်မျိုး ဖြစ်၍ Agel ၏ အထူးခြားဆုံးသော ထုတ်ကုန်ဖြစ်ပါတယ်။
Ageless serum သည် မျက်နှာလိမ်း ဂျယ်တစ်မျိုးဖြစ်ပြီး အသားအရေ ထိန်းသိမ်းရေးအတွက် မျက်နှာပြင်ပေါ်တွင် လိမ်းလိုက်သော အသားအရေ ထိန်းသိမ်းရေး ခရင်မ်များကို အရေပြားအတွင်း လွယ်ကူ လျှင်မြန်စွာ နှင့် ထိရောက်စွာ စိမ့်ဝင်သွားနိုင်စေရန် ကူညီပေးပါတယ်။ အသားအရေ၏ စိုပြေမှုကို ထိန်းသိမ်း ပေး၍ အသားအရေ ထိန်းသိမ်းရေး ခရင်မ်များကို ၃ဆ ပိုမို အကျိုးသက်ရောက်မှုကို ရရှိစေနိုင်သည်။
အသုံးပြုပုံမှာ မျက်နှာကိုသန့်စင်စေပြီးနောက် ၂ စက်မှ ၃ စက်ခန့်ကို ယူ၍ သင့်မျက်လုံးကိုရှောင်ရှား၍ မျက်နှာပြင် နှင့် လည်ပင်းတ၀ိုက်ကို လိမ်းပေးနိုင်ပါသည်။
၅) Age Defying Eye Gel
မျက်လုံးတ၀ိုက် အသက်အရွယ် ကြီးရင့်မှုကြောင့် အရေးအကြောင်း ပေါ်လာမှုများကို တားဆီပေးနိုင်သော အထူးဖေါ်စပ်ထားသည့် Gel ဖြစ်ပါတယ်။
မျက်လုံးတ၀ိုက်သည် မျက်နှာ၏ အဓိက အရေးကြီးနေသော နေရာဖြစ်သည်။ မျက်ခွံများသည် တနေ့လျှင် အကြိမ်ပေါင်း ၁ သောင်းခန့် လှုတ်ခတ်နေရသောကြောင့် အရေပြား၏ တင်းအားကို လျော့ကျ လာစေပါတယ်။ ထို့အတွက်ကြောင့် အရွယ်အိုမင်းမှု၏ လက္ခဏာများသည် မျက်လုံးတ၀ိုက်တွင် အရင်ဦးဆုံးစတင်ဖြစ်ပေါ်လာ ခြင်းကို ဤ eye gel က ကာကွယ် တားဆီးပေးနိုင်သည်။
သုံးစွဲပုံမှာ ပမာဏ အနည်းငယ်ကိုယူ၍ မျက်ဝန်းတ၀ိုက် ဖြေးညင်းစွာ စုပ်ယူသွားသည် အထိ လိမ်းပေးနိုင်ပါသည်။
၆) Daily Moisturizing Gel
အသားအရေကို စိုပြေချောမွေ့စေသော နေ့ဖက်လိမ်းGel Cream ဖြစ်ပါတယ်။
Free radical များကို တားဆီးပေးပြီးတော့ အသားအရေကိုစိုပြေ ချောမွေ့စေပါတယ်။ နေ့ခင်းဘက်မှာ နေရောင်ခြည်၊ လေထုညစ်ညမ်းမှုများ၊ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများက အရေပြားဆဲလ်များအပေါ် သက်ရောက်မှုရှိပြီး အသားအရေ မွဲခြောက်ခြင်းနှင့် ပျက်စီးခြင်းများဖြစ်ကာ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်လာစေပါတယ်။ ဤနေ့ဘက်လိမ်း Gel Cream က အဆိုပါ အသားအရေမွဲခြောက်ခြင်း နှင့် ပျက်စီးခြင်းများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
သုံးစွဲပုံမှာ ၁စက်မှာ ၂စက်ခန့်ကို ယူ၍ မျက်လုံးကိုရှောင်ရှားကာ မျက်နှာပြင်အရေပြားကို နေ့စဉ်လိမ်းပေးနိုင်ပါတယ်။
၇) Nourishing Night Gel
မျက်နှာကို ကျန်းမာနုပျိုစေနိုင်သော ညဘက်လိမ်း Gel Cream ဖြစ်ပါတယ်။
ညအချိန်တွင် သင်အိပ်ပျော်နေစဉ် အတွင်း ဆဲလ်များ အသစ်ပြန်လည် ဖြစ်တည်မှုမပျက်စီးစေရန် သင့်အရေပြားက ကာကွယ်ပေးထားပါတယ်။ အလုပ်အချိန်ပိုလုပ်ရခြင်း၊ အသက်အရွယ်ကြောင့် အိပ်ချိန်လျော့နည်းလာခြင်းများက အရေပြား၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ခက်ခဲစေနိုင်ပါတယ်။ ဤ Night Gel က အရေပြား၏လုပ်ငန်းဆောင်တာများပို ပုံမှန် လုပ်ကိုင်နိုင်ရန်ကူညီပေခြင်းအားဖြင့် ဆဲလ်အသစ်များတိုးပွါးလာပြီး သင့်မျက်နှာကို နုပျိုချောမွေ့လာစေနိုင်းပါတယ်။
သုံးစွဲပုံမှာ အနည်းငယ်မျှ ပမာဏကို လက်ဖြင့်ယူ၍ မျက်လုံးကိုရှောင်ရှားကာ မျက်နှာနှင့် လည်ပင်းတ၀ိုက်အား လိမ်းပေးနိုင်ပါတယ်။ ညစဉ်ညတိုင်း အရေးအကြောင်းပေါ်လာနိုင်သော နေရာများကို လက်ဖြင့် ညင်သာစွာ လိမ်းပေးနိုင်ပါတယ်။
Agel Skin care များကိုသုံးခြင်းအားဖြင့်
- မိမိမျက်နှာပြင်အရေပြားကို သဘာဝအတိုင်းသန့်ရှင်းစွာ ထိန်းသိမ်းထားနိုင်ခြင်း
- မျက်နှာပြင်ပေါ်မှ အရေးအကြောင်းအတွန့်များကို ပျောက်ကွယ်သွားစေနိုင်ခြင်း
- မိမိမျက်နှာကို ပိုမိုဝင်းမွတ်တောက်ပလာစေခြင်း
- မျက်နှာကို နူးညံ့ပျော့ပျောင်းလာစေခြင်း
- အသားအရေခြောက်သွေ့ခြင်း ကြမ်းတမ်းခြင်းများကို လျော့ပါးသွားစေနိုင် ပါတယ်။
Agel agelessTM Skin Care များကို သုံးစွဲခြင်းအားဖြင့် လူတိုင်း ထာဝစဉ် နုပျိုသော အလှကို ပိုင်ဆိုင်နိုင်ကြပါပြီ။
No comments:
Post a Comment