Thursday, July 8, 2010

စားသုံးသူ မိတ်ဆက်ပေးခြင်းအတွက် အစီအစဉ်အသစ်

New Preferred Customer program

Agel ကမိမိရဲ့ အဖွဲ့ဝင်များအတွက် အမှန်တကယ်ထိရောက်မယ့် စားသုံးသူ မိတ်ဆက်ပေးခြင်းအတွက် ဆုကြေးပေးမယ့် အစီအစဉ်အသစ် တခုကို မိတ်ဆက်ပေးခြင်ပါတယ်။ ဒီအစီအစဉ်လေးက Agel Member များ စားသုံးသူများထံ တိုက်ရိုက်မိတ်ဆက် ရောင်းချခြင်းအားဖြင့် Agel Business ရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတခု ဖြစ်လာစေမှာဖြစ်ပါတယ်။

Agel ရဲ့ ထုတ်ကုန်ပစ္စည်းများဟာ ဆင်တူတာမရှိ၊ အကောင်းဆုံးထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ scientifically-proven nutrients များ အများဆုံးပါဝင်ကာ Gel ပုံစံဖြစ်ပါတယ်။ ခုဆိုရင် Agel ဟာ မိမိရဲ့ အဖွဲ့ဝင်များကို ဒီ Suspension Gel Technology ရဲ့ စွမ်းအားကို မိမိတို့သူငယ်ချင်း ပေါင်းအသင်းများကို မိတ်ဆက် ရောင်းချပေး ရုံနဲ့ သူတို့ဟာ Business ကို စိတ်မ၀င်စားပဲ Products ကိုဝယ်ယူသုံးစွဲမယ်ဆိုရင် ဆုကြေး (ကော်မရှင်) ကို ထိုက်ထိုက်တန်တန်ရရှိမှာဖြစ်ပါတယ်။

အဖွဲ့ဝင်များရဲ့ အကြံပေးအဖွဲ့နှင့် အခြားသော အဖွဲ့ခေါင်းဆောင်များရဲ့ တောင်းဆိုမှုကြောင့် စားသုံးသူကို မိတ်ဆက်ပေးခြင်းအားဖြင့်ရရှိသော ရမှတ်(CV) ကိုလျှော့ချလိုက်မှာဖြစ်ပြီး ထုတ်ကုန်ရောင်းချခြင်းမှ ရရှိသော ဆုကြေးကိုတော့ ယခင် $ 5 USD မှ ယခုအခါ $ 20 USD သို့ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ ဒီအသစ်ပြောင်းလဲခြင်း အစီအစဉ်ဟာဆိုရင် အဖွဲ့ဝင်တွေကို စားသုံးသူထံတိုက်ရိုက်ရောင်းချခြင်းအားဖြင့် ခုလိုမျိုး စီးပွါးရေး အခက်အခဲဖြစ်နေချိန်မှာ ၀င်ငွေ ပိုရစေမှာဖြစ်ပါတယ်။

ဤရမှတ် (CV) ကိုလျှော့ချခြင်းနဲ့ ဆုကြေး ကိုတိုးမြှင့်ပေးခြင်း အစီအစဉ်ဟာ စားသုံးသူကို တိုက်ရိုက် မိတ်ဆက်ရောင်းချခြင်း (Preferred Customers) အားလုံးကို အကျုံးဝင်မှာဖြစ်ပါတယ်။ အဖွဲ့ဝင်များအတွက် Products များဝယ်ယူခြင်းမှ ရမှတ် (CV) ကိုတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။

အချုပ်အားဖြင့်

· မိမိတိုက်ရိုက် မိတ်ဆက်သော စားသုံးသူမှ ၀ယ်ယူသောဈေး မပြောင်းလဲပါဘူး။ (လက်ကားရောင်းဈေးထက် $5USD ပိုပေးရခြင်း)

· အထုတ် (၃၀)ပါ ထုတ်ကုန် (၁)ဗူးရောင်းချခြင်းအတွက် ရမှတ် (CV) မှာ (၃၀) သို့လျှော့ချသွားမှာ ဖြစ်ပါတယ်။

· တိုက်ရိုက်မိတ်ဆက်ပေးသူ အဖွဲ့ဝင်သည် ထုတ်ကုန်ပစ္စည်းတဗူးခြင်းအတွက် ရရှိသော ဆုကြေးမှာ ယခင် $5USD မှယခု $20USD သို့ တိုးမြင့်ရရှိမှာဖြစ်ပါတယ်။

· ဒီပြောင်းလဲမှုကြောင့် Agel ထုတ်ကုန်များအပေါ် အကျိုးသက်ရောင်မှုမရှိပါ။

ခုအချိန်ဟာဆိုရင် Agel ထုတ်ကုန်များကို သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများကြား မိတ်ဆက်ရောင်းချ ခြင်းအားဖြင့် အကျိုးအမြတ်ကို ရယူနိုင်ကြပြီဖြစ်ပါတယ်။

Sources: http://www.agel.com/newsroom/?p=848


No comments: