You can put your life and career into an upward trajectory by making the decision, today, that you are going to become one of the best time managers in your field. And in this session, you will learn how to do it. သင့်ဘ၀နဲ့ အလုပ်အကိုင်ကို မြင့်မားတဲ့နေရာရောက်ဖို့ ဒီနေ့ပဲ ဆုံးဖြတ်ချက်ချရပါတော့မယ်.... ဒါဟာ သင့်ရဲ့ အသိုင်းအ၀ိုင်းမှာ အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်သူတစ်ဦး ဖြစ်လာပါစေမယ်.... ဒီကဏ္ဍမှာ တော့ သင်ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ယူနိုင်မှာဖြစ်ပါတယ်....
Benjamin Franklin once wrote, "Dost thou love life? Then do not squander time, for that's the stuff life is made of." Benjamin Franklin ကရေးခဲ့ဖူးတယ်... ``သင့်ဘ၀ကိုချစ်လား.. ချစ်တယ်ဆိုရင် ဘ၀ကိုတည်ဆောက်ထားတဲ့ အချိန်တွေကို အကျိုးမဲ့ မဖြုန်းတီးမိပါစေနဲ့`` ...တဲ့
Exploit Your Most Precious Recourse သင့်ရဲ့ တန်ဖိုးအရှိဆုံးသော အရင်းအမြစ်ကို အသုံးချပါ...
Time is your most precious resource. It is all you really have. It is your life. As long as you have lots of time, you can do almost anything. But if your time is cut off for any reason, all of your possibilities are cut off as well. အချိန်ဆိုတာ သင်ပိုင်ဆိုင်သော တန်ဖိုးအရှိဆုံးသော အရင်းအမြစ်တခုဖြစ်ပါတယ်.. သင့်အမှန်တကယ်ပိုင်ဆိုင်သော အရာဖြစ်ပါတယ်.. သင့်ရဲ့ဘ၀လဲဖြစ်ပါတယ်.... သင့်မှာသာအချိန်တွေ အများကြီးရှိမယ်ဆိုရင် အရာအားလုံးနီးပါးကို လုပ်နိုင်မှာဖြစ်ပါတယ်... ဒါပေမယ့် အကြောင်းတခုခုကြောင့်သာ သင့်မှာ အချိန်မရှိတော့ဘူးဆိုရင်တော့ ဖြစ်လာနိုင်တာ အားလုံးတောင်မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး....
Queen Elizabeth I of England was one of the richest women in the world. She owned half the country. Yet, when she was on her deathbed, she turned to her doctor and said, "I would give all I have for a few more minutes of time." အင်္ဂလန်ရဲ့ ဘုရင်မကြီး Elizabeth I ဟာဆိုရင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသော အမျိုးသမီးကြီးတစ်ယောက် ဖြစ်ပါတယ်.. သူမဟာဆိုရင် နိုင်ငံရဲ့ တ၀က်လောက်ကိုပိုင်ပါတယ်... ဒါပေမယ့် သူမဟာ သေအံ့ဆဲဆဲ အိပ်ယာပေါ်မှာ လဲလျောင်းနေရင်း သူမရဲ့ ဆရာဝန်ကို ပြောမိတယ်... `ကျွန်မအတွက် အချိန် မိနစ်အနည်းငယ်သာ ရမယ်ဆိုရင် ကျွန်မ ပိုင်တာတွေ အားလုံးကိုပေးပါ့မယ်`...တဲ့..
Start This Very Minute အခုလက်ရှိ အချိန် မိနစ်ကပဲစလိုက် ရအောင်
The time for you and I to begin to appreciate how valuable and precious each minute is right now, not a later time when our minutes and hours are draining away. အခုလက်ရှိအချိန်တိုင်း မိနစ်တိုင်းဟာ ဘယ်လောက် တန်ဖိုးရှိတယ်၊ အဖိုးမဖြတ်နိုင်တယ် ဆိုတာကို ဒီအချိန်တွေ မိနစ်တွေ နာရီတွေ ကုန်မသွားခင်.. ကျွန်တော်တို့ ခင်ဗျားတို့က တန်းဖိုးထားပြီး နားလည်နေရမှာဖြစ်ပါတယ်....
Action Exercises: လုပ်ဆောင်ရမည့် တာဝန် Resolve to become an expert at time management. Work on becoming more efficient every day." အချိန်ကို စီမံခန့်ခွဲဖို့ အထူးကျွမ်းကျင်သူ တစ်ယောက်ဖြစ် အောင်လုပ်ပါ။ နေ့စဉ်နေ့တိုင်း မိမိရဲ့ စွမ်းရည် ပိုမိုတိုးတက်လာအောင် အလုပ်လုပ်ပါ။
အချိန်က ကိုယ့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို မျှဝေပေးခြင်းပဲဖြစ်ပါတယ်..... Source: The Best Group News Letter